Main menu

Background

တမူးနယ်စပ်မှ ပရဆေး တင်သွင်းမှုပိုမို

Mon, 06/27/2011 - 09:07 -- Anonymous (not verified)

တမူးနယ်စပ်မှ ပရဆေး တင်သွင်းမှုပိုမို                    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၄၉၇ သန်းတန်ဖိုးရှိ ဇီယာ ၁၂ တန်၊ လေးညှင်း ဝ ဒသမ ၆ တန်၊ ချဉ်ပေါင်ဖာလာ ဝ ဒသမ ၆၅ တန်၊ ဇာတိပ္ဖိုလ်သီး ၁ ဒသမ ၈ တန်နဲ့ တောင်လုံးကျော် ၃ တန် တင်သွင်းခဲ့ပါတယ်။                    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၃၃ သန်း တန်ဖိုးရှိ နနွင်းတက် ၂၆ ဒသမ ၇ တန်၊ နနွင်းခေါင်း ၃၂ တန်ခန့်၊ ကွမ်းစားဂမုန်း ၅၄ ဒသမ ၈ တန်၊ မိချောင်းကွမ်းဖတ်စေ့ ၂၆ တန်၊ တောဂျင်း ၉ ဒသမ ၆ တန်၊ ကြောင်ပန်းစေ့ ၆ ဒသမ ၅ တန်၊ ကြောင်လျှာစေ့ ၂ တန်၊ တောင်လုံးကျော် ၅ ဒသမ ၈ တန်၊ ရွေးရွက် ၈ ဒသမ ၆တန်၊ စကားပန်းပွင့်ခြောက် ၁ဝ ဒသမ ၂ တန်၊ ကျောက်ဂျင်း ဝ ဒသမ ၆ တန်၊ ဆေးမြင်းခွာ ၁ ဒသမ ၄ တန်၊ ဒရင်ကောက်မြစ် ၁၆ ဒသမ ၂ တန်၊ မာလာဥ ၁၇ ဒသမ ၆ တန်၊ ရှားစေး ၁၆ ဒသမ ၃ တန်နဲ့ အုံတုံခေါက်တန် ၄ဝ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် နနွင်းခေါင်း၊ ကွမ်းစားဂမုန်း၊ တောင်လုံးကျော်၊ ဒရင်ကောက်မြစ်၊ မာလာဥနဲ့ အုံတုံခေါက် များ ပိုမိုတင်ပို့ခဲ့ပြီး ယခုအပတ်မှာ ယခင်အပတ်ကတင်ပို့ခဲ့ခြင်းမရှိတဲ့ ဆေးမြင်းခွာ နဲ့ ရှားစေးများ တင်ပို့မှု ရှိခဲ့ပါတယ်။ မိချောင်းကွမ်းဖတ်စေ့၊ တောဂျင်း၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ နနွင်းတက်၊ ရွေးရွက်၊ စကားပန်းပွင့်ခြောက်နဲ့ ကျောက်ဂျင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။  MIRT (DOBT)