ကာရာလာအပြင် အခြားဒေသများ၌ ရော်ဘာတိုးခဲျ့ စိုက်ပျိုး ကာရာလာဒေသဟာ အိန္ဒိယရဲ့ သဘာဝရော်ဘာထွက်ရှိရာဒေသအဖြစ် အချိန်ကြာမြင့်စွာ ကတည်းက ရပ်တည်ခဲ့ပြီး အိန္ဒိယရော်ဘာထွက်ရှိမှုရဲ့ ၉ဝ ရာခိုင်နှုန်းက ကာရာလာကနေထွက်တာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကာရာလာမှာ စိုက်မြေတွေပြည့်နှက်နေတာကြောင့် အိန္ဒိယရော်ဘာအသင်းက ရော်ဘာ စိုက်ပိုျးနိုင်တဲ့မြေနေရာတွေကို အခြားဒေသတွေမှာ ရှာဖွေနေကြောင်းသုတေသီများကပြောပါတယ်။ အရှေ့မြောက်ပိုင်းက ထရိုင်ပူရဒေသရဲ့ ရာသီဥတုအခြေအနေက ကာရာလာ နဲ့ နီးစပ်ပါတယ်ဒါ့အပြင် အခြားဒေသတွေ ဖြစ်တဲ့ မဟာရရှထရာနဲ့ ဂိုရာဒေသတွေကိုလည်း ရော်ဘာစိုက်ပျိုးဖို့ အလားအလာရှိကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။ ၁၉၇၉ ခုနှစ်မှာ စတင်ခဲ့တဲ့ စိုက်ပျိုးရေးအစီအစဉ်မှာ ဂိုရာဒေသကို ရော်ဘာ စိုက်ပျိုးရေးဒေသအဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ ရော်ဘာအသင်းရဲ့ နောက်ဆုံးစာရင်းများအရ မဟာရရှထရာမှာ စိုက်ပျိုးရေး လုပ်ငန်း ၂၂ဝ ရှိပြီး ဂိုရာမှာ ၁၉၅ ခုရှိကြောင်းသိရပါတယ်။ မဟာရရှထရာမှာ ရော်ဘာ ဟက်တာ ၉ဝဝ စိုက်ပျိုးပြီး ဂိုရာမှာတော့ ဟက်တာ ၇ဝဝ စိုက်ပိုျးကြောင်းသိရပါတယ်။ မဟာရရှထရာက ဟက်တာ ၁ဝဝ နဲ့ ဂိုရာက ဟက်တာ ၆၅ဝ က အရွယ်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဂိုရာဒေသမှာ တစ်နှစ်ကို တန် ၉ဝဝ ထုတ်လုပ်နိုင်ပြီး တစ်ဟက်တာကို ၁၄ဝဝ ကီလိုဂရမ်ထုတ်လုပ်နိုင်ကာ မဟာရရှထရာဒေသမှာတော့ တစ်နှစ်ကို တန် ၂ဝဝ ထုတ်လုပ်နိုင်ပြီး တစ်ဟက်တာကို ပျမ်းမျှခြင်း ၂ တန်ထုတ်လုပ်နိုင်ကြောင်းသိရပါတယ်။ ဂိုရာဒေသက ရော်ဘာပင်တွေရဲ့ ၆ဝ ရာခိုင်နှုန်းက အပင်အိုတွေဖြစ်နေပြီး ပြန်လည်စိုက်ပျိုးဖို့ လိုအပ်လျက်ရှိကာ မဟာရရှထရာက ရော်ဘာပင်တွေကတော့ သက်တမ်းငယ်သေးကြောင်း သိရပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ မဟာရရှထရာမှာ ရော်ဘာဟက်တာ ၂၅ဝဝ နဲ့ ဂိုရာမှာ ဟက်တာ ၅ဝဝ ထပ်မံစိုက်ပျိုးဖို့ ရော်ဘာအသင်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source; Commodity online ,KZW
Background