Main menu

Background

မေလတွင်အိန္ဒိယရော်ဘာ အထွက်နှုန်းတန်ချိန် (၅၉ဝဝဝ) ရှိလာ

Mon, 06/27/2011 - 09:28 -- Anonymous (not verified)

မေလတွင်အိန္ဒိယရော်ဘာ အထွက်နှုန်းတန်ချိန် (၅၉ဝဝဝ) ရှိလာ                  မေလမှာ အိန္ဒိယနိုင်ငံရဲ့ ရော်ဘာအထွက်နှုန်းက စံချိန်တင်ပြီး ၅၉၇ဝဝ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့လက ရော်ဘာသုံးစွဲမှု ၂ ရာခိုင်နှုန်းခန့်တိုးပြီး ၈၁ဝဝဝ တန်ကို ရောက်ရှိခဲ့ ကြောင်းရော်ဘာအသင်းရဲ့ စာရင်းများ အရသိရပါတယ်။ လွန်ခဲ့တဲ့နှစ် အလားတူကာလက ထုတ်လုပ်မှု တန်ချိန် ၅၆၄ဝဝ ရှိပြီး သုံးစွဲမှု ၇၉၁၅ဝ တန်ရှိကြောင်း သိရပါတယ်။ ရော်ဘာဝယ်လိုအားကတော့ တစ်လထက် တစ်လ ၂ ရာခိုင်နှုန်းခန့်ကျဆင်းပြီး ဧပြီလမှ တန်ချိန် ၈၂၅ဝဝ ရှိရာကနေ မေလမှာတန်ချိန် ၈၁ဝဝဝ တန်ရှိကြောင်း သိရပါတယ်။ ပို့ကုန်တင်ပို့မှု ကတော့ ယခင်နှစ်မေလမှာ ၁၄၇၈ တန်ရှိရာကနေ ယခုနှစ်မှာ ၁၈ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၁၇၄၂ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ သွင်းကုန်တင်သွင်းမှုကလည်း ယခင်နှစ်က ၁၅၃၇၂ တန်ရှိရာ ကနေ ၆ ရာခိုင်နှုန်းတိုးပြီး ၁၆၂၉၃ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မေလမှာ ရော်ဘာသိုလှောင်မှုက ၃၃ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၂၄၉၄၇ဝ တန်ရှိကြောင်း သိရပါတယ်။ ဇန်နဝါရီ ကနေ ဧပြီအထိ ထုတ်လုပ်မှုက ယခင်နှစ်အလားတူကာလထက် ၅ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၂ ဒသမ ၆၇ သိန်းရှိကြောင်းသိရပါတယ်။ ရော်ဘာထုတ်လုပ်မှုကတော့ ၂ဝဝ၈ မှာ တန်ချိန် ၈ ဒသမ ၈၁ သိန်း၊ ၂ဝဝ၉ မှာ တန်ချိန် ၈ ဒသမ ၂ဝ သိန်းနဲ့ ၂ဝ၁ဝ မှာတန်ချိန် ၈ ဒသမ ၅၁ သိန်းထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ တကယ်လို့ ထုတ်လုပ်မှုဟာ စီမံကိန်းချမှတ်တဲ့အတိုင်းသာ ဖြစ်မယ်ဆိုရင် ကမ္ဘာ့တတိယရော်ဘာ ထွက်ရှိမှု အများဆုံးမလေးရှားရဲ့ ထုတ်လုပ်မှုထက်တန် ၇၅ဝဝဝ သာလျော့နည်းမယ်လို့ သိရပါတယ်။ ရော်ဘာကို မိရိုးဖလာ စိုက်ပိုျးတဲ့ မလေးရှားရဲ့ ယခုနှစ်အထွက်နှုန်းက တန်ချိန် ၉ ဒသမ ၇၅ သိန်းရှိနိုင်ပြီး ၃ဒသမ ၆ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ထုတ်လုပ်မှုကတော့ ၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ Source; Commodity online,KZW