Main menu

Background

ပင်လယ်ရေကြောင်း မဆိုသလောက်အပို့ရ

Mon, 06/27/2011 - 09:30 -- Anonymous (not verified)

ပင်လယ်ရေကြောင်း မဆိုသလောက်အပို့ရ                   ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ မလေးရှားကို ရော်ဘာတန် ၂ဝ၊ တန်ဖိုးဒေါ်လာ ဝ ဒသမ ဝ၉၂ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်က တင်ပို့မှုမရှိခဲ့ပါဘူး။ ကမ္ဘာ့ရော်ဘာဈေးနှုန်း များ တစ်ရှိန်ထိုးကျဆင်းနေခြင်းနဲ့ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တာကြောင့် ယခုလိုတင်ပို့မှု လျော့နည်းရခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှု နည်းပေမဲ့ နယ်စပ်ကုန်သွယ်ရေးကနေတော့ စဉ်ဆက်မပြတ်တင်ပို့နေတာတွေ့ရပါတယ်။ FOB  ရန်ကုန်ဈေးတွေကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာရှိကြောင်း သိရပါတယ်။   KZW