ရန်ကုန်မြို့ ကားဈေးကွက် အရောင်းအဝယ် အေးသော်လည်း ဈေးတန်းနေ ရန်ကုန်မြို့တွင်းကားပွဲစားတန်းများ နှင့် ဆင်ခြေဖုံးရှိ ကားပွဲစားတန်းနေရာ အသီးသီးတို့တွင် ယ ခုရက်သတ္တပတ် အတွင်း မိုးရွာသွန်းမှု များပြားသဖြင့် ညနေပိုင်းများတွင် ယခင်အပတ်များကဲ့ သို့ လူစည်ကားမှုမရှိဘဲ လူဝင် လူထွက် နှင့် ကားဝင်ထွက်မှု ကဲျပါးခဲ့ကြောင်း၊ အရောင်းအဝယ်မှာလည်း လူပါးမှုနှင့် အတူ ကျိုးတိုးကဲျတဲသာရှိကြောင်း သိရသည်။ လက်ရှိ ကားပွဲစားဝိုင်းများအတွင်း ဈေးဖွင့်ထားသော ကားများမှာ တစ်စီးစ နှစ်စီးစ အရောင်းအဝယ်ရှိသော် လည်း ဈေးတန်းမှာ ဆင်းမလာဘဲ ဈေး တန်းနေကြောင်း သိရသည်။ တစ်စီးစ နှစ်စီးစ အရောင်းအဝယ်ဖြစ်နေသည့် ကားများမှာလည်း စက်မှုဇုန်ထုတ် အဆင့်မြင့်ယာဉ် (ဘက်စုံသုံး အပ်ပီဗီ ယာဉ်) အများဆုံးဖြစ်ပြီး ၎င်းတို့မှာ ယခင်ဈေးတန်းအတိုင်း ရောင်းချသည် ကိုမတွေ့ရဘဲ ခေါ်ဈေးထက် ၃ဝ သိန်း ၄ဝ သိန်းခန့်ဆင်းကာ ရောင်းချလာ ကြောင်း သိရသည်။ ထို့သို့ ရှိရင်းဈေးတန်းထက်ဆင်း ကာရောင်းချလာကြခြင်းမှာ ဌာနဆိုင် ရာမှ စက်မှုဇုန်ထုတ် မော်တော်ယာဉ် များအား အင်ဂျင်အစိတ်အပိုင်းမှလွဲ ၍ အခြားပြောင်းလဲခွင့် မရှိကြောင်း သတ်မှတ်ချက်တစ်ရပ် ထွက်ပေါ်လာ ပြီးနောက်ပိုင်း ဖြစ်ပေါ်လာရခြင်းဖြစ် ကြောင်း၊ အဆိုပါ သတင်းထွက်ကာ စက စက်မှုဇုန်ထုတ် အဆင့်မြင့်ယာဉ်များ (ရှိပြီးယာဉ်များ) ပိုမိုဈေးမာလာ နိုင်သည်ဟု ယူဆခဲ့ကြသော်လည်း အမှန်မှာ ထို့သို့မဟုတ်ဘဲ ကန့်သတ် ချက်များကြောင့် ဈေးကွက်ပါးသွား မည်စိုးရိမ်သဖြင့် လက်တွင်းရှိ အမ်ပီဗီ ယာဉ်များအား ထုတ်ရောင်းရာမှ ဈေးကျဆင်းလာခြင်း ဖြစ်နိုင်ကြောင်း ဝါရင့် ယာဉ်ဝယ်ရောင်းတစ်ဦးမှ သုံးသပ်ပြသည်။ယခင် သိန်း ၄ဝဝ ခေါ်ရောင်းနေ သော ၉၇ ခုနှစ်ထုတ် ကပ်စတန် ဝက် ဂွန်များသည် ယခု ၃၆၅ သိန်း ၃၇ဝ သိန်းခန့်ဖြင့် ရောင်းချလာကြပြီး ထို့ ထက် အဆင့်မြင့်သည့် စက်မှုဇုန်ထုတ် အဆင့်မြင့်ယာဉ် နောက်တစ်မျိုးဖြစ်သည့် အယ်(လ်)ဖတ် အဆင့်မြင့် ဟိုက် အေ(စ့်)ယာဉ်များသည် ယခင် သိန်း ၁ဝဝဝ ကျော် ခေါ်ရောင်းရာမှ ယခု သိန်း ၉ဝဝ ကျော်ကျော်ဖြင့် ရောင်းချ လာကြောင်း လတ်တလောရောင်းဈေး မှာ ဈေးသင့်သဖြင့် ဝယ်ယူစီးနင်းသူ များလည်းရှိလာကြောင်း သိရသည်။SN
Background