Main menu

Background

အကျအတက်နဲ့ မန်းဘိလပ်မြေဈေးကွက်

Tue, 06/28/2011 - 05:18 -- Anonymous (not verified)

အကျအတက်နဲ့ မန်းဘိလပ်မြေဈေးကွက်            မန္တလေးမြို့ ဘိလပ်မြေအရောင်းအဝယ်ပုံမှန်ရှိနေပေမယ့်လည်း ဈေးနှုန်းအနည်းငယ်အပြောင်းအလဲ၊ အတက်အကျရှိတာကို တွေ့ရပါတယ်။ မြန်မာပြည်တွင်းဖြစ် ဘိလပ်မြေဈေး အရင်လတွေထက် တစ်အိတ်ကို ၁ဝဝ ကျပ်၊ ၁၅ဝ ကျပ် အတက်ဘက်မှာရှိပြီး နိုင်ငံခြားဘိလပ်မြေ (ထိုင်း)ဈေး အရင်လတွေအောက် တစ်အိတ်ကို ၁၅ဝ ကျပ်၊ ၃ဝဝ ကျပ် အကျဘက်မှာ ရှိတာကို တွေ့ရပါတယ်။ လက်ရှိ မန်းဘိလပ်မြေ အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးနဲ့ ယခင်လဈေးကိုနှိုင်ယှဉ်ပြရမယ်ဆိုရင် -စဉ် ဘိလပ်မြေတံဆိပ်အမည်      ယခင်လတစ်အိတ်ဈေး      ယခုလတစ်အိတ်ဈေး၁။ AAA (အေသုံးလုံး)                 ၅၄ဝဝ ကျပ်                  ၅၅ဝဝ ကျပ်၂။ မြန်မာဆင်                           ၅၂ဝဝ ကျပ်                  ၅၃ဝဝ ကျပ်၃။ ဆင်မင်း(ကျောက်ဆည်)          ၄၉ဝဝ ကျပ်                   ၄၉ဝဝ ကျပ်၄။ မြင်းခေါင်း                            ၅ဝဝဝ ကျပ်                   ၅၁ဝဝ ကျပ်၅။ ကျားခေါင်း                          ၅၃ဝဝ ကျပ်                   ၅၃ဝဝ ကျပ်၆။ စိန်(ထိုင်း)                           ၆၉ဝဝ ကျပ်                   ၆၄ဝဝ ကျပ်၇။ ဆင် (ထိုင်း)                         ၆၉ဝဝ ကျပ်                  ၆၅ဝဝ ကျပ်        ဧပြီလ၊ မေလများမှာ သယ်ယူခ၊ တန်ဆာနှုန်း မြင့်မားတဲ့အတွက် ထိုင်းကဝင်တဲ့ စိန်တံဆိပ်နဲ့ဆင်တံဆိပ် တွေဈေးမာတာ ကိုတွေ့ရပြီး ယခုလ မှာ ပုံမှန်အနေအထားလည်း ရောက်ရှိလာပြီး နယ်စပ်မှာနိုင်ငံခြားငွေ တည်ငြိမ်မှုမရှိဘဲ ကျဆင်းတာကြောင့် ဈေးအေးလာတာကိုတွေ့ရပြီး အရောင်းအဝယ်အနေအထားက အေးလည်းမအေး သွက်လည်းမသွက်ဘဲ ပုံမှန်သာရှိကြောင်း ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဈေးကွက်မှ သိရပါတယ်။ စိုးအောင်လ