စက်မှုဇုန်ထုတ် မော်တော်ယာဉ်များတွင် Inspection Certificate (I.C) အခွန်ပြေစာရှိမှသာ မော်တော်ယာဉ် ရောင်းချခွင့်ပေးမည် စက်မှုဇုန်ထုတ်မော်တော်ယဉ်များမှ ထုတ်လုပ်သည့် မော်တော်ယာဉ်များ တွင် ယခင်က ယာယီနံပါတ်ဖြင့် မော် တော်ယာဉ်ရောင်းချခွင့် ရှိခဲ့သော် လည်း ဇွန် ၁၃ ရက်နောက်ပိုင်းမှစ၍ Inspection Certificate (I.C) နှင့် အခွန်ပြေစာရှိမှသာ မော်တော်ယာဉ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ စက်မှုဇုန်များမှ ထုတ်လုပ်ပြီးသော မော်တော်ယာဉ်များကို စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးပြီး (I.C) ထုတ်ပေး၍ ၎င်း (I.C)နှင့်အတူ သက်ဆိုင်ရာအခွန် ဦးစီးဌာနရုံးတွင် တစ်စီးချင်းအလိုက် ထုတ်လုပ်သူ(သို့မဟုတ်)ကုမ္ပဏီမှအခွန် ပေးဆောင်ရမှာ ဖြစ်ကြောင်း၊ (I.C)၊ အခွန်ထမ်းပြေစာ၊ အရောင်းပြေစာတို့ နှင့်အတူ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန တွင်လိုင်စင် ကြေး၊အခြား အခွန်အခများပေးဆောင်ပြီးစီးမှ မော်တော်ယာဉ်အမှတ် ထုတ်ပေးမည်ဖြစ် ကြောင်း မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ မော်တော်ယာဉ် ထုတ်လုပ်သူများအား ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ခွင့်ပြုချက်ရရှိသည့်၊ စစ်ဆေးခံပြီးသည့်၊ အခွန်ပေးဆောင် ပြီးသည့် စက်မှုဇုန်ထုတ်မော်တော်ယာဉ်များကို နေ့ချင်းပြီး မော်တော်ယာဉ် လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ် ထုတ်လုပ်သူ လုပ်ငန်း ရှင်များအနေဖြင့် နိုင်ငံတော်က သတ်မှတ်ထားသည့် အခွန်အခများကို အပြည့်အဝပေးဆောင်သွားကြရန် လို အပ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်သည့်လုပ်ငန်းမှာ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရန် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ အရေးပါသည့် လုပ်ငန်းဖြစ်ကြောင်း၊ ပြည်တွင်းတွင်မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံများမှာ ကားအမျိုးအစား ၈၆၈ မျိုးတွင်ကားအစီးရေ ၁ သိန်းကျော်ထုတ်လုပ်ပြီးဖြစ်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်သည့် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် စက်မှုဇုန်များရှိ ကားထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်လုပ်သော မော်တော်ယာဉ် များအတွက် သတ်မှတ်ကုန်သွယ်ခွန်၏ ၂ဝ ရာခိုင်နှုန်းကိုသာ ပေးဆောင်ရန် လျှော့ပေါ့ပေးထားကြောင်း ဇွန် ၁၃ရက် က နေပြည်တော်၊ အမှတ် ၂ စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် စက်မှုလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီနှင့် မော် တော်ယာဉ်ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမှတ်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့ပါတယ်။ မန္တလေးစက်မှုဇုန်တွင် မော်တော် ယာဉ်ထုတ်လုပ်သည့်လုပ်ငန်း၊ ကုမ္ပဏီ ပေါင်း ၂၇ ခုမှ မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background