Main menu

Background

ဝါတွင်းအလှူအတွက် ချင်း (ဥမ) များအရောင်းသွက်

Tue, 06/28/2011 - 05:34 -- Anonymous (not verified)

ဝါတွင်းအလှူအတွက် ချင်း (ဥမ) များအရောင်းသွက်              ပြည်ဈေးကွက်သို့ အောင်ပန်းဘက်မှ ချင်း(အတက်) အပြင် ချင်း(ဥမ) များပါ ယခုတစ်ပတ်အတွင်း ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝ ခန့်ဝင်ရောက်မှုရှိပြီး ချင်းတက် တစ်ပိဿာကို ယခင်အပတ်ဈေးအတိုင်း (ဂျွန်) ၁၃ဝဝ ကျပ်၊ (ရှယ်) ၁၅ဝဝ ကျပ်ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ဧရာဝတီနှင့် ရခိုင်ဘက်သို့ အပါ အဝင်တစ်နေ့ကို ပိဿာချိန် ၄၅ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ချင်း (ဥမ) များမှာတော့ တစ်ပိဿာကို ၇၅ဝ-၈ဝဝ ကျပ်ရှိ၍ ချင်း (ဓါးလှီး) သမားများမှ အဝယ်ရှိပြီး ဝါတွင်းချင်းသုပ်အလှူအတွက် မျှော်မှန်းပြီး ချင်း (ဥမ) များတစ်နေ့ကို ပိဿာချိန် ၂၃ဝ ခန့်နှင့် အရောင်းသွက်လျက်ရှိနေပါတယ်။                                  ဝင်းလဲ့ဝါ