ထိုင်ဝမ်(ကုလားပဲ)

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်     ယခု        ပြောင်းလဲမှု၁ မန္တလေး               ၁ ပိဿာ      ၈ဝ၉     ၈ဝဝ၂ မကွေး                 ၁ ပိဿာ      ၇၈ဝ     ၇၈၅၃ ပခုက္ကူ                ၁ ပိဿာ       ၇၈ဝ      ၇၈ဝ၄ မုံရွာ                   ၁ ပိဿာ       ၈ဝဝ      ၈ဝဝ၅ အောင်လံ           ၁ ပိဿာ        ၇၈ဝ      ၇၈၅၆ မြင်းခြံ                ၁ ပိဿာ        ၇ဝဝ      ၇ဝဝ၇ ရေစကြို             ၁ ပိဿာ         ၇၈ဝ     ၇၈၅၈ ပြည်                  ၁ ပိဿာ        ၇၅ဝ     ၇၇၅ထိုင်ဝမ်ကုလားပဲကို ပဲခွဲစက်များ ဝယ်အားပုံမှန်ရှိနေ               မန္တလေးဈေးကွက်မှာ ထိုင်ဝမ်ကုလားပဲကို ဒေသတွင်းခွဲစက်တွေက တစ်ပိဿာကို ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးအနည်ငယ်ကျနေတယ်လို့ သိရပါတယ။် မကွေးဈေးကွက်မှာ ပဲခွဲခြမ်းသမားတွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့့််လာပြီး တစ်ပိဿာကို ၇၈၅ ကျပ်(တစ်တန်ကို ၄၈ဝ၇၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ပြည်ဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ထိုင်ဝမ်ကုလားပဲကို ဝယ်အားပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၇၇၅ ကျပ်(တစ်တန်ကို ၄၇၄၆ဝ၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ရက်ခြားသာအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာကို ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၃၀၀ ခန့် အဝယ်ရှိခဲ့ပြီး ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ သိရပါတယ်။