ပဲစင်းငုံနီ

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်    ရေတွက်ပုံ    ယခင်           ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ တန်     ၄၁၅ဝဝဝ     ၄၂၅ဝဝဝ၂ မန္တလေး             ၁ ပိဿာ      ၆၁၇            ၆ဝဝ၃ မုံရွာ                  ၁ ပိဿာ      ၆ဝဝ            ၆၂၅၄ ပြည်                  ၁ ပိဿာ      ၆ဝဝ           ၆၅ဝ၅ ပခုက္ကူ               ၁ ပိဿာ      ၆၁ဝ           ၆၁၅၆ မြင်းခြံ               ၁ ပိဿာ       ၆၁ဝ           ၆၁ဝ၇ အောင်လံ          ၁ ပိဿာ       ၆၁ဝ            ၆၁၅၈ မကွေး              ၁ ပိဿာ       ၆၄ဝ            ၆၁ဝပဲစင်းငုံနီဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                 ဘုရင့်နောင်ဈေးကွက်တွင် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ် တန်ဖိုးဈေးလှုပ်နေမှုအပေါ် တွက်ချက်ဝယ်ယူမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၄ဝ၉ဝဝဝ ကျပ်မှ ၄၂၅ဝဝဝ ကျပ်အတွင်း တန် ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်တွင် ရန်ကုန်ဝယ်လက်က ဈေးလျော့အဝယ်ရှိလာသလို ဝယ်အားပါနည်းခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ၆ဝဝကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်) နဲ့နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားသာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့သိရပါတယ်။မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၂၅ ကျပ်(တစ်တန်ကို ၃၈၂၇၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၄ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံနီဈေးကို တစ်ပိဿာ ၆၅ဝ ကျပ်(တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ ဈေးဖွင့်အရောင်းရှိပေမယ့် ရန်ကုန်အဝယ်အေးနေ တယ်လို့ဆိုပါတယ်။ပခုက္ကူဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၆၁၅ ကျပ်(တစ်တန်ကို ၃၇၆၆၁၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်ခပ်ပါးပါးသာရှိခဲ့ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်