Main menu

Background

မန်းဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ လိုက်ချီးနဲ့ မင်းဂွတ်သီးဈေးကွက်

Tue, 06/28/2011 - 08:55 -- Anonymous (not verified)

မန်းဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ လိုက်ချီးနဲ့ မင်းဂွတ်သီးဈေးကွက်               မန္တလေးမြို့ သစ်သီးပွဲရုံများမှာတော့ လားရှိုး၊ မိုးကုတ်ကလာတဲ့ လိုက်ချီးသီးနဲ့ မော်လမြိုင်၊ တောင်ငူကလာတဲ့ မင်းဂွတ်သီးများ ဝင်ရောက်လျက်ရှိပါတယ်။ လိုက်ချီးသီးကို ဝါးပိုများနဲ့ထည့်သွင်းပြီး တစ်နေ့ ပျမ်းမျှ ပို ၅ဝ - ၄ဝ ဝင်ရောက်လျက်ရှိပြီး ရောင်းချမှုအနေနဲ့ကတော့ ပိဿာချိန်ရောင်းလျှင် တစ်ပိဿာ ၆ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၁၂ဝဝ ကျပ်၊ ၁၅ဝဝ ကျပ်နှုန်းဖြင့် အလုံးအရွယ်နှင့် ဝင်ရောက်မှုအပေါ်မူတည် ရောင်းချပါတယ်။ အစည်းအနေနဲ့ကတော့ တစ်စည်းလျှင် ၁၅ဝ ကျပ်- ၅ဝဝ ကျပ်-၆ဝဝ ကျပ်ရောင်းချပြီး တစ်စည်းကို အလုံး ၅ဝ - ၁ဝဝ ပါရှိကြောင်း သိရပါတယ်။                မင်းဂွတ်သီးကတော့ တောင်ငူသီးထက် မော်လမြိုင်သီးက ပို၍ အရသာကောင်းမွန်ပါတယ်။ မင်းဂွတ်သီးကို အသားသေတ္တာဖြင့် ထုပ်ပိုး ထည့်သွင်းပြီး တစ်သေတ္တာကို အလုံး ၃ဝဝ မှ ၄ဝဝ ကျော် ပါရှိပါတယ်။ ရောင်းဈေးအနေနဲ့ကတော့ အလုံးအကြီးအသေးပေါ်မူတည်ပြီး တစ်လုံး လျှင် ၈ဝ ကျပ်၊ ၁ဝဝ ကျပ်၊ ၁၂ဝ ကျပ် နှုန်းဖြင့်ရောင်းချကြောင်းသိရပါတယ်။ အေးအေးမြင့်