Main menu

Background

ပြည်ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ ဈေးမြင့်ပေမယ့် အရောင်းအဝယ် ကောင်းနေ

Tue, 06/28/2011 - 09:11 -- Anonymous (not verified)

ပြည်ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ ဈေးမြင့်ပေမယ့် အရောင်းအဝယ် ကောင်းနေ            ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးများ အဆက်မပြတ် ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ယခင်လများက ဒေသထွက် ကိုင်းသီးနှင့် ရှမ်းသီး နှစ်မိုျးရှိပေမယ့် ယခုဒေသထွက်ကိုင်းသီးများတုံးချိန်တွင် ရှမ်းသီး တစ်မျိုးသာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခင်လများက ခရမ်းချဉ်သီးတစ်ပိဿာ ၁ဝဝဝ ကျပ်သာရှိခဲ့ပြီး ဇွန်လပထမပတ်တွင် တစ်ပိဿာ ၁၂ဝဝ ကျပ် မှယခုဇွန်လကုန်မှာတော့တစ်ပိဿာ ၁၄ဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဈေးမြင့်ပေမယ့် အဝယ်လိုက်ကာ အရောင်း အဝယ် ကောင်းလျက်ရှိကြောင်း သိရပါတယ်။ အိရွှေစင်