Main menu

Background

သီးနံှစိုက်ချိန် မန်းဓာတ်မြေသြဇာဈေးကွက် အရောင်းသွက်ဈေးတက်

Tue, 06/28/2011 - 09:50 -- Anonymous (not verified)

သီးနံှစိုက်ချိန် မန်းဓာတ်မြေသြဇာဈေးကွက် အရောင်းသွက်ဈေးတက်           မန္တလေးဈေးကွက်ရှိ တရုတ်ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်လာတာကို တွေ့ရပါတယ်။ သီးနံှစိုက်ပျိုး ရာသီ အရောင်းသွက် ဈေးတက်လေ့ရှိတဲ့ ကာလဖြစ်သော်လည်း ယခုနှစ် အတွက် လက်ရှိအချိန်မှာ ထူးခြားစွာနဲ့ ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ ဈေးမြင့်လာရခြင်းအကြောင်းမှာ တရုတ်နိုင်ငံတွင် ဓာတ်မြေသြဇာ တင်ပို့မှု စည်းကမ်းများ တင်းကျပ်လာခြင်းကြောင့်လို့ သိရပါတယ်။ ယခုရက်ပိုင်း တရုတ်ထုတ်ဓာတ်မြေသြဇာများရဲ့ ဈေးနှုန်းများကတော့ ယူရီးယားပန်းဖူး တံဆိပ်မှာ ၂၁၄ဝဝ ကျပ်၊ ရွှေတောင် တံဆိပ် ၂၁၈ဝဝ ကျပ်၊ တီစူပါ GTSP ၄၆ ရာခိုင်နှုန်း သံကွင်းတံဆိပ်မှာ ကျပ် ၂၇၅ဝဝ၊ GTSP ၁၆ ရာခိုင်နှုန်းမှာ ကျပ် ၁ဝ၇ဝဝ၊ GTSP ၁၂ ရာခိုင်နှုန်းမှာ ကျပ် ၉၇ဝဝ၊ ကွန်ပေါင်း (၁၅း၁၅း၁၅) ကျပ် ၂၅၅ဝဝ၊ အာမို (၁၅း၁၅း၁၅ )မှာ ကျပ် ၃၈ဝဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်ရက်များနှင့်စာလျှင် တစ်အိတ်ကို ၅ဝဝ ကျပ်ဝန်းကျင် ဈေးပိုလာတာကို တွေ့ရပြီး အရောင်းအဝယ်မှာ စတင်ကောင်းမွန်လာပြီဖြစ်ကြောင်း ဓာတ်မြေသြဇာပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဝါဝါခင်