မီးရထားကုန်တင်ပို့မှု တန်ဆာခများ ကျဆင်း

မီးရထားကုန်တင်ပို့မှု တန်ဆာခများ ကျဆင်း                ယခုလဟာ ကုန်ရှားပါးချိန်ဖြစ်လို့ ကုန်တင်ပို့တဲ့ မီးရထားတွဲတန်ဆာခ နှုန်းများ ကျဆင်းလာကြောင်း သိရပါ တယ်။ ''အာဆီယံ စံချိန်စံညွှန်းအရ ကုန်တင်မှု ပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ ကုန်ကားကြပ်တဲ့အတွက် ရထားဘက်လှည့်ပြီး တင်လာတော့ တန်ဆာခမြင့်လာခဲ့တယ်။ ကုန်ပို့ကိုယ် စားလှယ်က ဈေးကစားတဲ့သဘောပါ။ ကုန်များရင် ကုန်တင်လိုသူက လှည်းခေါင်းကိုပြန်ဖားရတယ်။ အဲဒီကုန်က တန်ဆာခ တစ်ပိဿာကို ၈ဝ ကျပ်နှုန်း ရှိတယ်။ အခုအချိန်က ကုန်ပါးချိန်ဖြစ်သလို မိုးရာသီကာလမှာ ဖားကန့်ဘက် က ကုန်မတင်တဲ့အချိန်ဆိုတော့ ကုန် နားသွားတယ်။ ဒီလမှာ တစ်ပိဿာကို ၃၃ ကျပ်တင်ပေမယ့် ၂ဝ ကျပ်ရလဲတင် ရပါတယ်။ ရန်ကုန်ကနေ မန္တလေးကို အဆန်တွဲဆို တစ်တွဲကို ၁ သိန်းအရှုံးခံပြီးတင်ရတာ၊ ကုန်မရရင် လှည်းခေါင်း ကတန်ဆာခပြန်ပေးရမှာဆိုတော့ အရှုံး ခံပြီး တင်တယ်။ မန္တလေးနဲ့ မြစ်ကြီးနား တွဲကြီးတစ်တွဲကို အရင်က ကျပ် ၁၈ သိန်း ဖြစ်ခဲ့ပေမယ့် အခု ကျပ် ၁၂ သိန်းနဲ့ ၁၅ သိန်းကြားဈေးပေါက်တယ်။ ဒီလကနေ ဒီဇင်ဘာလထိက ကုန်ပါးချိန် ဆိုတော့ ဈေးနှုန်းက ဒီအတိုင်းပဲဖြစ်တယ်''လို့ မီးရထားကုန်တွဲများအတွက် ကုန်လက်ခံသည့် ကုန်ပို့ကိုယ်စားလှယ် (လှည်းခေါင်း)မှ ပြောပါတယ်။ မီးရထားတန်ဆာခ ကျဆင်းလာ တာကြောင့် ရန်ကုန်မှ မန္တလေးသို့ သယ်ယူတဲ့ ယိုးဒယားဘိလပ်မြေ အိတ်များ ဈေးနှုန်းကျဆင်းလာတယ်လို့ မဒီနာ ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီ လုပ်ငန်းရှင် ဦးမိုျးချစ်က ပြောပါတယ်။ ယခုရက်ပိုင်းတွင် ရန်ကုန်သို့ မြေဆီ အများဆုံးတင်ပို့မှုရှိပြီး အပြန်မှာ ကုန်ပါးနေကြောင်း သိရပါတယ်။ မန္တလေးမှ မြစ်ကြီးနားသို့ ဒီဇယ်၊ အိမ်ဆောက် ပစ္စည်း၊ ဆန်နဲ့ လူသုံးကုန်ပစ္စည်းများ တင်ပို့ပြီး အပြန်မှာ သံတိုသံစများ ပြန် သယ်လာကြောင်း သိရပါတယ်။ ဇူးဇူး