မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၈ဝဝဝ နီးပါးရှိနေဆဲ ပြည်ပမတ်ပဲသင်္ဘောတင်မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် ၁၈ဝဝဝ ကျော်ရှိသလို ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာလည်း တန်ချိန် ၁၈ဝဝဝ နီးပါးရှိတာတွေ့ရပါတယ်။ ပို့ကုန်ဝင်ငွေတန်ဖိုး အပြောင်းအလဲ ရှိပေမဲ့ မတ်ပဲကတော့ တင်ပို့မှု သိသိသာသာကျဆင်းခြင်းမရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၁၇၅ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်အတွင်းက တန်ချိန် ၁၂ဝဝဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ တန်ချိန် ၅ သောင်းကျော်ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ကုန်သည် ကြီးများက ဆိုပါတယ်။ MIRT - MAPT
Background