Main menu

Background

အိန္ဒိယမတ်ပဲဈေး တည်ငြိမ်ရာမှ လျော့လာ

Sun, 07/03/2011 - 07:29 -- Anonymous (not verified)

အိန္ဒိယမတ်ပဲဈေး တည်ငြိမ်ရာမှ လျော့လာ            အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းက မတ်ပဲဈေး တည်ငြိမ်နေခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ ဝယ်လိုအား အကန့်အသတ် သာရှိတာကြောင့် ဈေးလျော့လာခဲ့ပါတယ်။ နိုင်ငံအတွင်း ပဲစိုက်ပျိုးတဲ့ ဒေသများမှာ ဇွန်လ ၂၉ ရက်အထိ မိုးရွာသွန်းမှုဟာ ပုံမှန်အထက် ၁၁ ရာခိုင်နှုန်း ရှိနေတာကြောင့် ကနဦးစိုက်ပျိုးထားတဲ့ ပဲပင်များကြီးထွားဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမဲ့ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ အချိန်လိုသေးတဲ့အတွက် ဝယ်လိုအား တက်လာပါက ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေး ဝန်းကျင်မှာ အပြောင်းအလဲရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ်                                                                     ဒေါ် လာ/ တန်                      ၃ဝ-၆-၁၁      ၂၉-၆-၁၁         ၂၈-၆-၁၁             ၂၇-၆-၁၁မွန်ဘိုင်း          ၈၃၉-၈၅ဝ       ၈၄၆-၈၅၇         ၈၆ဝ-၈၆၆          ၈၅၉-၈၇ဝဒေလီ              ၈၅ဝ-၉ဝ၆      ၈၄၆-၉ဝ၁          ၈၄၄-၉ဝဝ         ၈၄၃-၉ဝ၉ချန်နိုင်း           ၈ဝ၅-၉၁၇      ၈၁၂-၉၂၃          ၈၂၁-၉၂၇          ၈၂ဝ-၉၂၆MIRT(MAPT)