Main menu

Background

မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်တဲ့ မိုးကြိုပဲတီစိမ်း

Sun, 07/03/2011 - 08:59 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်တဲ့ မိုးကြိုပဲတီစိမ်း                  စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၂ဝ၁၁-၁၂ ခုနှစ် မိုးပဲတီစိမ်း စိုက်ပျိုးရန်လျာထားဧက ၄ သိန်း ၁ သောင်းကျော် အနက် ဧက ၂ သိန်း ၁ သောင်း၊ ရာခိုင်နှုန်း ၅ဝ စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းသီးနံှကို မိုးကြို၊ မိုး၊ ဆောင်းသီးနံှများအဖြစ် တစ်နှစ်ကို ၃ ကြိမ်စိုက်ပျိုးကြပါတယ်။ ယခုအချိန်က မိုးပဲတီစိမ်းစိုက်ချိန် မိုးကြိုပဲတီစိမ်းသီးနံှများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်လို့ နယ်စုံမှ မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်နေကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ အဝင်လှိုင်လို့ မုံရွာ ကုန်စည်ဒိုင်မှာ ဇွန်လပထမပတ်အတွင်း ပဲတီစိမ်းကြီး တစ်ပိဿာ ၁၅၂၆ ကျပ်မှ ဇွန်လ တတိယပတ်မှာ ၁၁၃၂ ကျပ်သို့ ဈေးအေးခဲ့ရာ တစ်ပိဿာအပေါ် ၃၉၄ ကျပ်၊ တစ်တင်း အပေါ် ၇၅ဝဝ ကျပ်ဈေးကျခဲ့ကြောင်း သိရပါတယ်။               ဈေးအေးသော်လည်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ပဲတီစိမ်းကြီးပျမ်းမျှတင်း ၁ဝဝဝ ကျော် အရောင်း အဝယ် ဖြစ်ကြောင်း ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေး သို့ ပဲတီစိမ်းကြီးတင်း ၄၃ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါ တယ်။                    သန်းးသန်းးတင်