Main menu

Background

မုံရွာ V2 ရန်ကုန်အဝယ်မြူးနေဆဲ

Sun, 07/03/2011 - 09:50 -- Anonymous (not verified)

မုံရွာ V2 ရန်ကုန်အဝယ်မြူးနေဆဲ           မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ဇွန်လတစ်လလုံးရန်ကုန်အဝယ်ရှိလို့ အရောင်းအဝယ်သွက်ခဲ့ပြီး တိုင်ပေ နဲ့ 929 ကိုဒေသစက်သမားတွေ အဝယ်လေး ခဲ့တယ်လို့ဆိုပါတယ်။ ဇွန်လထဲမှာဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေး အနိမ့်အမြင့်ကို လေ့ လာတဲ့အခါ တိုင်ပေတစ်တင်း ၁၄၂ဝဝ ကျပ် မှ ၁၅၅ဝဝ ကျပ်၊ 929 တစ်တင်း ၁၄ဝဝဝ ကျပ် မှ ၁၅၄ဝဝ ကျပ်၊V 2 တစ်တင်း ၁၅၈ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ် နဲ့ ကုလားပဲရိုးရိုး ၁၃ဝဝဝ ကျပ်မှ ၁၄၂ဝဝ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်ဇွန်လဈေးကွက်မှာ တစ်ရက်လျှင် V 2 အိတ် ၁၅ဝဝ မှ ၂ဝဝဝ အတွင်းနေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ကုလားပဲတွေအနေနဲ့တစ်ရက်ကိုအိတ် ၁ဝဝဝ ဝန်းကျင်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဇွန်လထဲမှာ မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေး နဲ့ ရန်ကုန် ကို V2 ၁၅ဝဝဝ ခန့်စီးထွက်သွားခဲ့တယ်လို့သိရပါတယ်။ ထွန်းလှိုင်