Main menu

Background

ထောပတ်နဲ့ မြေထောက်ပဲ သင်္ဘောတင် အားကောင်းနေ

Sun, 07/03/2011 - 09:56 -- Anonymous (not verified)

ထောပတ်နဲ့ မြေထောက်ပဲ သင်္ဘောတင် အားကောင်းနေ                အခြားပဲများအုပ်စုအနေနဲ့ ပြည်ပသင်္ဘောတင်ပို့မှုရှိတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း အားကောင်းနေတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲတန် ၆ဝဝ၊ မြေထောက်ပဲ တန် ၃၇ဝ ကျော် တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ ထောပတ်ပဲ တန်ချိန် ၁ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၅ဝဝ ကျော်ထိ တိုးတက်ခဲ့တာ တွေ့ရပါတယ်။                    လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ ပြည်ပတင်ပို့ပြီးစီးမှုမှာ ထောပတ်ပဲ တန်ချိန် ၈ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၄ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန်ချိန် ၇ဝဝဝ နဲ့ မြေထောက်ပဲ တန်ချိန် ၃ဝဝဝ နီးပါးရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။          MIRT - MAPT