Main menu

Background

ပြည်ထောပတ်ပဲ လက်လီရော လက်ကားပါ အရောင်းအဝယ်ဖြစ်

Sun, 07/03/2011 - 10:05 -- Anonymous (not verified)

ပြည်ထောပတ်ပဲ လက်လီရော လက်ကားပါ အရောင်းအဝယ်ဖြစ်                  ဇွန်လဆန်းမှစ၍ ပြည်ဈေးကွက်သို့ ဆောင်းသီးနံှ ပဲမိုျးစုံဝင်ရောက်မှုနည်း လာခဲ့ပြီး ထောပတ်ပဲ သီးနံှလည်း ဇွန်လနောက်ဆုံးပတ်မှာ အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်းအဝယ် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ လက်လီ သမားရော၊ လက်ကားသမားများပါ အဝယ်ရှိပြီး လက်လီဈေးမှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် နေ့စဉ် ၁၄ အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် သမားများမှ လက်ကားဝယ်ယူမှုရှိပြီး တစ်တင်း ၁၆ဝဝဝ ကျပ် ဈေးပေးဝယ်ယူတဲ့ အတွက် အိတ် ၅ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။                 ခင်ဆွေဝင်း