Main menu

Background

ဝါဝင်ကာလအတွက်ပဲကြီးအရောင်းအဝယ်သွက်လာ

Sun, 07/03/2011 - 10:08 -- Anonymous (not verified)

ဝါဝင်ကာလအတွက်ပဲကြီးအရောင်းအဝယ်သွက်လာ               မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်ဟာ ဇွန်လအတွင်း ဈေးအတက်အဆင်းများ စွာဖြစ်ပေါ်ခဲ့ပြီး ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီနှစ်ပဲကြီး ဈေးကွက်ကို လေ့လာတဲ့အခါ ပဲဟောင်းလက်ကျန်နည်းတဲ့ ဒီဇင်ဘာ၊ နိုဝင်ဘာ လတွေမှာတစ်တင်း ၃ဝဝဝဝ ကျပ် နဲ့ဈေးကောင်း ရခဲ့ပြီး၊ ပဲသစ်ပေါ်စ ဇန်နဝါရီလ ကုန်ပတ်ကစပြီး တဖြည်းဖြည်းဈေးအေးလာခဲ့ကာ တစ်တင်း ၁၈ဝဝဝ ကျပ်ထိ ကျဆင်းသွားခဲ့ပါတယ်။ မေလဒုတိယပတ်ကစကာတစ်တင်း ၁၄ဝဝဝ ကျပ် ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်နေခဲ့ရာ ယခုဇွန်လအထိ ဈေးငြိမ်ခဲ့ပါတယ်။ ဇွန်လ အတွင်းမှာတော့ အနိမ့်ဆုံးတစ်တင်း ၁၁၅ဝဝ ကျပ် ပေါက်ခဲ့ပြီး၊ ဇွန်လကုန်ပတ်မှာ ၁၄ဝဝဝ ထိ ဈေးပြန်မာလာပါတယ်။ ဈေးကွက်ဝယ်လိုအားအနေနဲ့ တရုတ် ပြည်တင်ဖို့မန္တလေးအဝယ်အေးခဲ့ပြီး ယခုလထဲမှာဝါဝင်ကာလ ပဲကြော်လုပ်ငန်း သမားတွေ အဝယ်လိုက်လာလို့ယခုလို ဈေး ပြန်မာလာခဲ့ခြင်းဖြစ်တယ်လို့ ကုန်သည် အသိုင်းအဝန်းက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်မှာယခုတစ်ပတ်အတွင်း တစ်နေ့ ပဲကြီးတင်း ၅ဝဝ ဝန်းကျင်နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                      ထွန်းလှိုင်