ဒေါ်လာအညွှန်းကိန်း ကျဆင်းလို့ အိန္ဒိယ ရွှေဈေးကျ ဂရိနိုင်ငံမှာ ဆန့်ကျင်မှုတွေ ရှိနေတဲ့အတွက် ဂရိနိုင်ငံရဲ့ ေြွကးမြီကိစ္စ ဒုတိယအကြိမ်မြောက် မဲခွဲပြီးဖြစ်လာမဲ့ အလားအလာတွေကြောင့် အိန္ဒိယရွှေ ဈေးကျဆင်းခဲ့ပါတယ်။ နယူးယောက် ဒိုင်COMEX ဌာနခွဲနဲ့ MCX ဌာနခွဲ တွေမှာ လက်ငင်းပေးချေရမဲ့ ရွှေရဲ့ တန်ဖိုးက သုည ဒသမ ၅ဝ ရာခိုင်နှုန်း နဲ့ ၁ ဒသမ ဝ၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါတယ်။ ဒုတိယအကြိမ် မဲခွဲရာမှာ ဂရိဝန်ကြီးချုပ် အနိုင်ရလိုက် တဲ့အတွက် ယူရိုငွေကြေးတန်ဖိုးတက်မဲ့ အလားအလာကို တွေ့နေရပါတယ်။ ဒါကြောင့် ဒေါ်လာရဲ့ အညွှန်းကိန်းက သုည ဒသမ ၃၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါတယ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နံှသူတွေရဲ့ ကမ္ဘာ့ ရှယ်ယာတွေအပေါ် ယုံကြည်မှုက လည်း မြင့်မားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲ့ ခံစားခွင့်တောင်းဆိုတာကလည်း မြင့်တက် လာလို့ ဒေါ်လာဈေးနှုန်းလည်း ပြိုကွဲ နေပါတယ်။ ကမ္ဘာမှာ ရွှေကိုအများဆုံး လက်ဝယ်သိမ်းဆည်းထားနိုင်တဲ့ SPDR Gold Trust အဖွဲ့က လက်ကျန် အနည်းငယ်ကျဆင်းပြီး ဇွန် ၃ဝ ရက် က ၁၂ဝ၉ ဒသမ ၁၄ တန် ရှိခဲ့ရာမှ ၁၂ဝ၈ ဒသမတန်သာ ရှိခဲ့ပါတယ်။ ရွှေနဲ့ ငွေတို့ရဲ့တန်ဖိုး အချိုးအစား ကလည်း ၄၃ ဒသမ ၄၆ ကနေ ၄၃ ဒသမ ၁၄ ထိ ကျဆင်းခဲ့ပါတယ်။ ဂရိနိုင်ငံမှာ ခြိုးခြံချွေတာရေး အစီ အစဉ်အကောင်အထည်ဖော်ဖို့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ဥပဒေရေးရာ ပုဂ္ဂိုလ် တွေရဲ့ ထောက်ခံမှုအရ ဂရိနိုင်ငံ ဝန်ကြီးချုပ်က အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် Globex မှာ ရွှေဈေးက ၂ ဒသမ ၁ဝ ဒေါ်လာမြင့်တက်ပြီး တစ်အောင်စကို ၁၅ဝဝ ဒသမ ၇ဝ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လှည့်လည်ငွေကြေး တိုးမြှင့်ရေး အစီအစဉ် ၂ ( QE 2 ) က ကုန်ဆုံးသွားပြီးဖြစ်ပါ တယ်။ ရလဒ်ကိုတော့ ယခုချိန်ထိ မသိ ရသေးပါ။မည့်သည့်သတင်းမျိုးပဲ ထွက် သည်ဖြစ်စေ ငွေဖြစ်လွယ်မှုကို အခက် အခဲဖြစ်စေနိုင်ရင်တော့ ရွှေဈေးက မြင့်တက်လာမှာ ဖြစ်ပါတယ်။ Source: commodityonline. ဉာဏ်တင်
Background