နို့ဆီ၊ နို့စိမ်း တန်ချိန် သုံးရာ့ခုနစ်ဆယ်ကျော်တင်သွင်း ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း နို့ဆီ၊ နို့စိမ်း တန်ချိန် ၃၇ဝ ဒသမ ၅၅ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာသုံးသိန်းရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ တစ်ဆင့် တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ မှာ စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းတံဆိပ်နဲ့ မာရီဂိုးလ်တံဆိပ်တို့ပဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာ နို့ဆီတန်ချိန် ၁၁၄ ဒသမ ၁၉ တန်နဲ့ နို့စိမ်းတန်ချိန် ၂၅၆ ဒသမ ၃၆ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့စိမ်းတင် သွင်းခြင်းမရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ နို့ဆီက ယခင် သီတင်းပတ်မှာ တန်ချိန် လေးရာကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီသီတင်း ပတ်အဝင်နဲ့ယှဉ်ရင် ၃ ဆလောက် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ သြစတြေး လျ၊ယူအက်စ်အေ၊ နယူးဇီလန်နဲ့ မလေး ရှား စသည်ဖြင့် နိုင်ငံစုံက တင်သွင်းခဲ့ တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ နို့မှုန့် ၈၉ ဒသမ ၈၂ တန်သာ တင်သွင်းနိုင် ခဲ့ပြီး ယခင်သီတင်းပတ် တန်ချိန် ၂၃၅ တန်ကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်ကလည်း အဝင် ၃ ဆလောက် လျော့နည်းပြီး တင်သွင်းနိုင် ခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နို့မှုန့် မှန်မှန်လေးသွင်းနေ ဇွန် ၂၂ မှ ၂၈ ရက်ကာလအတွင်း ကော့သောင်းစခန်းမှ နို့ဆီကန်ဒေါ်လာ ဝ ဒသမ ဝ၆၁ သန်း တန်ဖိုးရှိ သေတ္တာ ၃၇ဝ၅ လုံး၊ (၁၄၈၂ဝ ဒါဇင်) နဲ့ နို့စိမ်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၃ သန်းတန် သေတ္တာ ၆၁၇၄ လုံး၊ (၂၄၆၉၆ ဒါဇင်) တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နို့ဆီတင်သွင်းမှု ပိုမိုပေမယ့် နို့စိမ်းတင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ဒါ့အပြင် မူဆယ် ၁ဝ၅ မိုင်စခန်းကနေ လိပ်ပြာတံဆိပ် နို့မှုန့် ၂၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၈၃ သန်းဖိုး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၇ဝ ၈ဝဝဒွန်း( နို့စိမ်း) ၇ဝဝ ၇၅ဝHappy နို့ဆီ ၆၅ဝ -Happy Cow(အနီ) ၆ဝဝ -Happy Cow (အပြာ) ၆၅ဝ -အိုကေ( နို့ဆီ) ၆၇ဝ ၇ဝဝအိုကေ( နို့စိမ်း) ၆၇ဝ ၇ဝဝMIRT (DOT)
Background