Main menu

Background

်ပဲပုပ်ဆီဈေး မြင့်လို့ စားအုန်းဆီကြမ်း ဈေးမြင့်လာ

Tue, 07/05/2011 - 07:13 -- Anonymous (not verified)

်ပဲပုပ်ဆီဈေး မြင့်လို့ စားအုန်းဆီကြမ်း ဈေးမြင့်လာ             ဂရိနိုင်ငံရဲ့ ဆန့်ကျင်ဆန္ဒပြမှု ပြင်းထန်တဲ့ အတိုင်းအတာက ကျော်လွန်လာပြီး ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေကြောင့် ပဲပုပ်ဆီကြိုပွိုင့်ဈေး အတက်ဘက် ကို ဦးတည်လာခြင်းနဲ့အတူ ဇွန်လ ၂၉ ရက် မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေး လည်း မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ စက်တင်ဘာလအခြေခံစံနှုန်း စားအုန်းဆီကြမ်း စာခုျပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၁ဝ၉ (ကန်ဒေါ်လာ ၁ဝ၂၉) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။               ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၆ ဒသမ ၉၄ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၅၄) ဈေးနဲ့ရောင်းဝယ်ခဲ့ကြပါတယ်။ ဇွန်လအတွက် မလေးရှားစားအုန်းဆီ တင်ပို့မှုကို အစောပိုင်းက တန်ချိန် ၁ ဒသမ ၅၅ သန်းခန့်မှန်းရာမှ ဈေးကွက်အား လျော့လာလို့ တန်ချိန် ၁ ဒသမ ၄၄ သန်းကို လျော့ကျနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။                  မေလအတွင်းမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ၃၅ သန်းတင်ပို့ခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးသူများက ခန့်မှန်းပါတယ်။ မလေးရှားနိုင်ငံရဲ့ မေလ သိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၉၂ သန်းနဲ့ ၁၆ လအတွင်း အမြင့်ဆုံးကို ရှိနေပါတယ်။အဓိကဆီအုန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ ရာသီဥတုသာယာတာကြောင့် ဆီအုန်းထွက်ရှိမှု မြင့်တက်ခြင်းက ဈေးနှုန်းကို ထပ်မံကျဆင်းစေပါတယ်။ ယခုနှစ် အတွင်း စားအုန်းဆီဈေးဟာ ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဖြစ်ပါတယ်။အမေရိကန် ပဲပုပ်စိုက်ဧရိယာ သတင်းများက ဈေးနှုန်းကို အထောက်အပံ့ဖြစ် စေပြီး ယခုနှစ် ပဲပုပ်စိုက် ဧရိယာဟာ မတ်လ ခန့်မှန်းထားတဲ့ ဧက ၇၆ ဒသမ ၆၁ သန်း ထက် လျော့ကျနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ခန့်မှန်းကြပါတယ်။ လက်ငင်းဈေးကွက်မှာ ဇူလိုင်လအတွက် သန့်စင်ပြီး Palm Oil  ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၁၁၇ ဒသမ ၈ဝ ရှိပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးဟာ တစ်တန် ရင်းဂစ် ၃ဝ (ကန်ဒေါ်လာ ၉ ဒသမ ၉) မြင့်တက်ပြီး ရင်းဂစ် ၃၁၄ဝ (ကန်ဒေါ်လာ ၁ဝ၄ဝ)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com