Main menu

Background

ဈေးအတက်အကျမမှန်တဲ့ ပြည်နှမ်း

Tue, 07/05/2011 - 07:29 -- Anonymous (not verified)

ဈေးအတက်အကျမမှန်တဲ့ ပြည်နှမ်း           ပြည်ဈေးကွက်တွင်းနှမ်းဈေးမှာ ယခင်အပတ်ထက်ဈေးကျသွားသဖြင့် ဈေးမှာငြိမ်မနေဘဲ တက်လိုက် ကျလိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ဆီစက်သမားများမှလည်း ဆီကြိတ်ရန် အဝယ်သိပ်မရှိခြင်းကြောင့် ပွဲရုံများတွင် အရောင်းအဝယ်မှာတစ်နေ့ကို အိတ် ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ နှမ်းဈေးကျသဖြင့် နှမ်းဆီဈေးမှာလည်း ယခင်အပတ်ထက် သိသာစွာဈေးကျလာတာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၇၂ဝဝဝ ကျပ်ဖြင့်ဈေးကျလာတာတွေ့ရပါတယ်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာ ၃၁ဝဝ ကျပ်-၃၂ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးကျလာတာတွေ့ရပါတယ်။ ဝေဝေမင်း