Main menu

Background

သစ်သီးဝလံ ကုန်သွယ်မှု

Tue, 07/05/2011 - 08:09 -- Anonymous (not verified)

သစ်သီးဝလံ ကုန်သွယ်မှု                ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်းများကနေ ကန်ဒေါ်လာ ဝ ဒသမ ၆၆၄ သန်းဖိုးရှိ သရက်သီး ၂၂၂ဝ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၈၆၅ တန် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ဆီးဆံ ၅၆ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၅၃ သန်းဖိုးနဲ့ ဇီးသီး ခြောက် ၁၉၁၂ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ၂၇၆ သန်းဖိုး တင်ပို့ခဲ့တာ တွေ့ရပါတယ်။                 ကန်ပိုက်တီးနယ်စပ်မှ ယခုအပတ်မှာ ကျပ် ၆၉ သန်း တန်ဖိုးရှိ တစ်သျှူးငှက်ပျောတန်၆၉ဝ ကျော်တင်ပို့မှု ရှိခဲ့ပြီး၊ ယခင်အပတ်ထက် တန် ၅ဝဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်ရဲ့ သရက်သီး ပေါက်ဈေးများကတော့ မိမိ ဘက် တစ်တန်ကို ၃၂၉၆၄၄ ကျပ်နဲ့ တစ်ဖက်နိုင်ငံပေါက်ဈေး ၄၉၅ ဒေါ်လာ ဖြစ်ကြောင်းသိရပါတယ်။               ဒါ့အပြင် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ခရမ်းချဉ်သီး ၅ တန်၊ သရက်သီး ၅၅ တန်၊ အုန်းသီး ၁၁၂၉၆ လုံးနဲ့ ပန်းသီး ၁၁ ဒသမ ၉၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၂၃ သန်းဖိုးကို တစ်ဖက်အိန္ဒိယနိုင်ငံကို တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)