Main menu

Background

ဇွန်လနောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်းက ရော်ဘာအပို့မရှိ

Tue, 07/05/2011 - 08:20 -- Anonymous (not verified)

ဇွန်လနောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်းက ရော်ဘာအပို့မရှိ             ဇွန်လ ၂၄ မှ ၃ဝ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တဲ့အပြင် ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် တင်ပို့မှု လျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ရေကြောင်းကတင်ပို့မှုမရှိပေမယ့် နယ်စပ်ကတော့ တန် ၉ဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့RSS-3  တစ်တန်ကို ၄၃၅ဝ ဒေါ်လာ၊ ှRSS-5 တစ်တန်ကို ၄၂၅ဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၃၅ဝ ဒေါ်လာ အသီးသီးဈေးပေါက်ကြောင်း သိရပါတယ်။ KZW