Main menu

Background

ရော်ဘာအလားအလာ ကောင်းလာနိုင်

Tue, 07/05/2011 - 08:27 -- Anonymous (not verified)

ရော်ဘာအလားအလာ ကောင်းလာနိုင်               တိုကျိူနဲ့ ရှန်ဟိုင်းရဲ့ ရော်ဘာအလားအလာက ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားနည်းရာကနေ ရောင်းအား တိုးလာခြင်းနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြင့်တက်ဖွယ်ရှိကြောင်းသိရပါတယ်။ နိုဝင်ဘာလရဲ့ တိုကျိူ ကုန်စည်ဒိုင်ရော်ဘာ စာချုပ် ဈေးနှုန်း ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒီဇင်ဘာလဈေးနှုန်းလည်း အလားအလာကောင်းကြောင်းသိရပါတယ်။ ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလစာချုပ်ဈေးနှုန်းက ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၃၂၁၅ဝ ယွမ်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးရော်ဘာ ထုတ်လုပ်သူနဲ့တင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဧပြီလကုန်ကစပြီး ပြန်လည် အားကောင်းလာကြောင်း သိရပါတယ်။ ဟောင်ကောင်ရဲ့ မော်တော်ကားကဏ္ဍကလည်း ယခုနှစ်အစောပိုင်းမှာ အားနည်းနေရာကနေ အခြေအနေ တဖြည်းဖြည်းကောင်းလာပြီဖြစ်ကြောင်းသိရပါတယ်။ ငလျင်လှုပ်ခတ်မှု၊ စွမ်းအင် ပြတ်လတ်မှုနဲ့ ဖောက်သည် ပျက်ခြင်းတွေကြောင့် ဂျပန်နိုင်ငံကားထုတ်လုပ်မှုပိုမိုထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သတင်းရ ရှိပါတယ်။Source: business option ,KZW