Main menu

Background

ရော်ဘာဈေးတက်၍ တာယာဈေးတက်

Tue, 07/05/2011 - 08:29 -- Anonymous (not verified)

ရော်ဘာဈေးတက်၍ တာယာဈေးတက်              ရော်ဘာဈေးနှုန်းတွေ တက်တာကြောင့် တာယာရဲ့ဈေးနှုန်း ၂ဝ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်ကြောင်း ကားတာယာရောင်း ဝယ်သူများက ပြောကြားတယ်လို့ သိရပါတယ်။ ကုန်သည်တစ်ယောက်ကတော့ ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေ နှစ်လအတွင်းမှာ ပင် ၂ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တာယာစက်ရုံတွေက ၎င်းတို့ရဲ့ထုတ်ကုန်ဈေးနှုန်းကို မတ်လမှာ ၁ဝ ရာခိုင်နှုန်း ဈေးမြင့်ပြီး ဇွန်လမှာလည်း အလားတူ တိုးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။               ဒီလိုဖြစ်ရတာက ဖေဖော်ဝါရီမှာ ရော်ဘာဈေးနှုန်းတွေ အမြင့်ဆုံးကိုရောက်ခဲ့ရာကစကြောင်း သိရပါတယ်။ တာယာထုတ် လုပ်ရာမှာ ရော်ဘာ ၈ဝရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ပါဝင်တဲ့အတွက် တာယာဈေးက ရော်ဘာဈေးနဲ့ ဆက်စပ်နေပါတယ်။ အခြေအနေက ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် တာယာဈေးတွေ ၅ဝရာခိုင်နှုန်းကနေ ၆ဝရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်။ ရော်ဘာဈေးနှုန်းက တစ်တန်ကို ဒေါ်လာ ၁၆ဝဝမှ ဒေါ်လာ ၃၂ဝဝထိတက်သွားတဲ့အတွက် တာယာဈေးနှုန်းတွေလည်း လိုက်တက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ မကြာသေးမီက ရော်ဘာဈေးနှုန်းတက်တာဟာ ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအား ကျတာကြောင့်ဖြစ်ကြောင်း သတင်းရရှိပါတယ်။Source: okaz/ saudi Gazette,KZW