Main menu

Background

တရုတ်နိုင်ငံက အမေရိကန်ပြောင်း တန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်သွင်း

Tue, 07/05/2011 - 08:36 -- Anonymous (not verified)

တရုတ်နိုင်ငံက အမေရိကန်ပြောင်း တန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်သွင်း               တရုတ်နိုင်ငံဟာ ပထမ ၄ လအတွင်း အမေရိကန်နိုင်ငံပြောင်းတန်ချိန် ၁ ဒသမ ၇ သန်း ဝန်းကျင် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်အမေရိကန် ပြောင်း တန်ချိန် ၈ သိန်းဝန်းကျင်တင်သွင်းဖို့လည်း စာခုျပ်အသစ်ချုပ်ဆိုဖွယ်ရှိတယ် လို့ သိရပါတယ်။                  စက်တင်ဘာတင်ပို့ဖို့ စာချုပ်ဈေးဟာ C & F  တစ်တန် ကန်ဒေါ်လာ ၃၃၈ ဝန်းကျင်ရှိပြီး သြဂုတ်လတင်ပို့ဖို့အတွက် ကန်ဒေါ်လာ ၃၄၂ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်ပြောင်း လက်ကျန် လျော့ကျလျက်ရှိရာ သြဂုတ်လကုန် မှာ တန်ချိန် ၁၈ ဒသမ ၅ သန်းကို ၁၅ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းဖွယ်ရှိ တယ်လို့ သိရပါတယ်။                 ယခုနှစ်ကုန်မှာ တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုဟာ တန်ချိန် ၄ သန်းအထိ ရှိနိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁ ဒသမ ၆ သန်းဝန်းကျင်တင်သွင်းခဲ့တယ်လို့ သိရ ပါ တယ်။ ယမင်းခင်၊source: nns commodityonline