Main menu

Background

မန္တလေးကားဈေးကွက်တွင် လဆန်းပိုင်းက အရောင်းအဝယ်သွက်သည့်ကားများ ဇွန်လကုန်ပိုင်းမှာ အရောင်းအဝယ် အနည်းငယ်ပြန်အေး

Tue, 07/05/2011 - 09:29 -- Anonymous (not verified)

မန္တလေးကားဈေးကွက်တွင် လဆန်းပိုင်းက အရောင်းအဝယ်သွက်သည့်ကားများ ဇွန်လကုန်ပိုင်းမှာ အရောင်းအဝယ် အနည်းငယ်ပြန်အေး                မန္တလေး ကားဈေးကွက်တွင် လဆန်းပိုင်းက အရောင်းအဝယ် သွက်ခဲ့သော် လည်း ဇွန်လနောက်ဆုံးပတ်တွင် အရောင်းအဝယ် အနည်းငယ်ပြန်အေးလာကြောင်း သိရပါတယ်။                 လမ်း ၆ဝ ကားရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးဝင်းမြင့်ဦးက ''လဆန်းပိုင်းက နယ်ဝယ်လက်တော်တော်များများ ဆင်းလာတယ်။ ဇုန်ထုတ် ကားတွေနဲ့ ပုဂ္ဂလိကတင်သွင်းတဲ့ကားတွေ၊ စူပါဆလွန်း၊ လီမိတက်၊ မှန်ခုံးဗင်၊ ရှေ့ဆွဲဗင်၊ ပါဂဲျရိုး၊ ဆန်နီ၊ မတ်တူး(ဆလွန်း)ကားတွေ အရောင်းအဝယ်ဖြစ်တယ်။ ဈေးနှုန်း ကလည်း သိပ်မကြီးဘူး။ ကားတွေကလည်း ရွေးစရာများ၊ ဒီဇိုင်းစုံလာတော့ အဝယ် လိုက်တယ်။ အနိမ့်ကားရော၊ အမြင့်ကားရော ကြိုက်ရောင်းကြိုက်ဝယ်နဲ့ အရောင်း အဝယ်ဖြစ်တယ်။ အခုလဆန်းပိုင်းကထက် အရောင်းအဝယ်ပြန်အေးသွားပေမယ့် ပုံမှန်တော့ အရောင်းအဝယ်ရှိနေပါတယ်''လို့ ပြောပါတယ်။                    ဇွန်လနောက်ဆုံးပတ်ကားဈေးနှုန်းများမှာ ရှေ့ဆွဲဗင်90-91 M ၁ခ ကျပ်သိန်း ၃ဝဝ ဝန်းကျင်၊ စူပါဆလွန်း လ၊ သ၊ အ အက္ခရာ၊ ကားသန့်ကျပ်သိန်း ၁၇ဝ ဝန်းကျင်၊ အလျော့ ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ လီမိတက် လ၊ သ၊ အ အက္ခရာ ကားသန့် ကျပ်သိန်း ၂၂ဝ ဝန်းကျင်၊ ကားလျော့ကျပ်သိန်း ၂ဝဝ ဝန်းကျင်၊ မှန်ခုံး 2001-2002 M (၁ဂ၊ ၄ဂ၊ ၅ဂ) ကျပ်သိန်း ၅၅ဝ ဝန်းကျင်၊ ဆပ် 2001-2002 M  (၄ဂ၊ ၅ဂ) ကျပ်သိန်း ၇၅ဝ ဝန်းကျင်၊ ဆန်နီ 87-88 M (လ၊ သ၊ အ) ကားသန့် ကျပ်သိန်း ၁ဝဝ စွန်းစွန်း၊Light Truck 97 M ဗမာခေါင်း ကျပ်သိန်း ၁၅၅ ဝန်း ကျင်၊ ဂျစ်ကား ကျပ်သိန်း ၆၅ ဝန်းကျင်၊ ဟိုက်အေ့စ်စူပါကာစတန်  95 M လီမိတက် ဂရေ့စ် ကျပ်သိန်း ၃၅ဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ ဇူူးဇူုး