Main menu

Background

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင် ရွှေစင်လမင်း စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီအသစ် ထပ်မံဖွင့်လှစ်

Tue, 07/05/2011 - 09:34 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင် ရွှေစင်လမင်း စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီအသစ် ထပ်မံဖွင့်လှစ်                      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရဲ့ ပုဂ္ဂလိက စက်သုံးဆီဈေးကွက်တွင် ဧရာရွှေဝါကုမ္ပဏီ၊ Green Luck ကုမ္ပဏီ၊ New Day Energy Coporation၊ ကျော်စံကုမ္ပဏီများမှ အောက်တိန်း၊ ဓာတ်ဆီ၊ဒီဇယ်စက်သုံးဆီများကို ရောင်း ချပေးလျက်ရှိပါတယ်။ ဈေးကွက်စီးပွား ရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍများ ဖွံ့ဖြိုးလာချိန်တွင် စက်သုံးဆီဈေးကွက် ပိုမိုကျယ်ပြန့်လာစေရန်နှင့် ပြင်ပစက်သုံးဆီရောင်းဝယ်မှု လျော့နည်းသွားစေ ရန်အတွက်လည်း ပုသိမ်မြို့၊ မဟာ ဗန္ဓုလလမ်း၊ ဂေါက်ကွင်းအရှေ့တွင် ရွှေစင်လမင်း စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီဆိုင်သစ်ကို ၂ဝ၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ ကုမ္ပဏီမှ အဆင့်မြင့် Premium  ဒီဇယ် တစ်ဂါလန် ၃၉ဝဝ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၃၅ဝဝ ကျပ်ဈေးနဲ့ နံနက် ၇ နာရီမှ ည ၇နာရီ အထိ ပိတ်ရက်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း သိရပါတယ။် မင်းမင်းဦီး