အဝင်များလို့ ပြည်ချင်းဈေးကျ ယခုတစ်ပတ်တွင် အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(အတက်)နဲ့ ချင်း (ဥမ)များ ပြည်ဈေးကွက်သို့ ပိဿာ ၃ဝ ဝင်အိတ် ၆၅ဝ ခန့်အဝင်ရှိပြီး ယခင် အပတ်ထက် အဝင်ပိုများလာကာ ဈေးနှုန်းမှာလည်း တစ်ပိဿာကို ချင်းတက် (ရှယ်)၁၂ဝဝကျပ်၊ (ဂျွန်) ၁၁ဝဝ ကျပ်၊ ချင်း (ဥမ) ၆ဝဝ-၇ဝဝ ကျပ်တို့နှင့် ရောင်းဝယ်လျက်ရှိ၍ ယခင်ပတ်ထက် တစ်ပိဿာကို ၂ဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း လက်လီ၊ လက်ကား ရောင်းဝယ်သူများ ချင်း (ဓါးလှီး) သမားများအပြင် ဧရာဝတီနဲ့ ရခိုင်ဘက်သို့ တင်ပို့မှု အပါအဝင် တစ်ရက်ကို ပိဿာချိန် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဝင်းလဲ့ဝါ
Background