အိန္ဒိယကြက်သွန်ဖြူ အမြောက်အမြား ထွက်ရှိပေမဲ့ ဈေး ၂ ဆမြင့်တက် အိန္ဒိယနိုင်ငံမှာ ယခုရာသီ ကြက်သွန်ဖြူ အမြောက်အမြားထွက်ရှိတဲ့တိုင် လွန်ခဲ့တဲ့ ၂ လအတွင်း လက်လီ ဈေးများ ၂ ဆဖြစ်ခဲ့ပါတယ်။ ဈေးကောင်းပိုမိုရမယ့် မျှော်လင့်ချက်နဲ့ ကြက်သွန်တောင်သူတွေက ဈေးကွက်ဖြန့်ဖြူးမှု ပိုမိုနှောင့်နှေးခြင်းနဲ့ ကုန်သည်တွေက ဝယ်ယူသိုလှောင်ထားကြခြင်းတွေကြောင့် အဲဒီလို ဈေးနှုန်းမြင့် တက်လာခြင်း ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူ အမြောက်အမြား ဈေးကွက်တွေထဲ ဝင်လာတော့မှာဖြစ်လို့ ကုန်သည် တွေ မျှော်မှန်းထားသလို အကိုျးအမြတ် များများရမှာ မဟုတ်ဘူးလို့ ယုံကြည်တယ် လို့လည်း ဆိုပါတယ်။ လက်ရှိဈေးနှုန်းအနေနဲ့ လက်လီဈေးကွက်မှာ ကြက်သွန်ဖြူ တစ်ကီလိုကို ရူပီး ၉ဝ နဲ့ ရူပီး ၁၄ဝ (ကန်ဒေါ်လာ ၂ ဒသမ ၃ - ၃ ဒသမ ၁၂) အတွင်းရှိနေပြီး လက်ကားဈေးကွက်မှာ ရူပီး ၅ဝ-၆ဝ (ကန်ဒေါ်လာ ၁ ဒသမ ၁၁-၁ ဒသမ ၃၄) အတွင်း ဖြစ်နေပါတယ်။ မတ်လက လက်လီတစ်ကီလိုကို ရူပီး ၅ဝ-၆၅ (ကန်ဒေါ်လာ ၁ ဒသမ ၁၁-၁ ဒသမ ၄၅) ခန့်သာရှိတယ်လို့ သိရပါတယ်။ အမှန်တော့ ယခုနှစ်ကြက်သွန်ဖြူ အမြောက်အမြားထွက်ရှိပြီး ဈေးနှုန်းရုတ်တရက်ကျဆင်း ခဲ့ပါတယ်လို့ နိုင်ငံတော် ဟင်းသီးဟင်းရွက်သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့(NHRDF) ဒါရိုက်တာ Dr RP Gupta က ဆိုပါတယ်။ တောင်သူနဲ့ ကုန်သည်များဟာ ဈေးမြင့်တက်မယ်ထင်ပြီး သိုလှောင်ကာဈေးကွက်မှာရောင်းချမှုနည်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လာမယ့်ရာသီမှာလည်း အမြောက်အများထွက်ရှိမယ်လို့ ခန့်မှန်း ထားပြီး ဈေးနှုန်းတည်ငြိမ်မှာဖြစ်လို့ ၎င်းတို့ထင်သလို ဈေးမတက်နိုင်ဘူးလို့ ဆိုပါတယ်။ NHRDF စာရင်းအရ ၂ဝ၁ဝ-၁၁ အတွင်း ကြက်သွန်ဖြူတန်ချိန် ၁၁ ဒသမ ၃၁ သိန်း ထွက်ရှိလို့ ယခင်နှစ်ထက် တန်ချိန် ၂ သိန်းပိုမိုလာတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလက ကြက်သွန်ဖြူ ပြတ်လပ်ခဲ့တာကြောင့် တစ်ကီလိုကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၆) နဲ့ ဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုအခါ ဈေးကွက် ထဲမှာ ကြက်သွန်ဖြူအသစ်တွေများနေတာကြောင့် ဈေးငြိမ်နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ အချို့ကုန်သည်တွေကတော့ အခြေခံစံနှုန်းအရည်အသွေးကောင်း ကြက်သွန်ဖြူ ရောင်းချမှု ပြတ်လပ်နေပြီး ဝယ်လိုအားမြင့်မားတာကြောင့် ဈေးနှုန်း မြင့် တက်နေတယ်လို့ ဆိုပါတယ်။ ၅ ဒသမ ၅ စင်တီမီတာ ကြက်သွန်ဖြူ (အခြေခံ စံနှုန်းအရည်အသွေး)ကို ဝယ်လိုအား အမြောက်အမြားရှိနေပြီး ရောင်းချမှု နည်း တာကြောင့် ဈေးနှုန်းမြင့်တက်နေတယ်လို့ Gemini Trading မှ ပြောကြားပါတယ်။ အလုံးသေးတွေကတော့ ပေါများနေတယ်လို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်ခ ၊ အလုပ်သမားခ အပါအဝင် သွင်းအားစုကုန်ကျစရိတ်က တစ်နှစ်ထက်တစ်နှစ် တိုးတက်နေတာကြောင့် ဈေးနှုန်းမြင့်တက်နေတယ်လို့ မွန်ဘိုင်း APMC မှ ဒါရိုက်တာ Ashok Walunj က ဆိုပါတယ်။ ယမင်းခင်၊Source: moneylife in
Background