Main menu

Background

ဝယ်လက်ရှိလို့ ရှမ်းနနွင်းဈေးရလာ

Tue, 07/05/2011 - 10:09 -- Anonymous (not verified)

ဝယ်လက်ရှိလို့ ရှမ်းနနွင်းဈေးရလာ              ဟိုပုံးဈေးကွက်မှာ ရှမ်းနနွင်းတက်ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကတော့ နနွင်းတက် အရောင်းအဝယ်လုံးဝမရှိတော့ဘဲ ဈေးကလည်း ငြိမ်နေပါတယ်။ ယခုရက်ပိုင်းအတွင်းမှာတော့ ရန်ကုန်ဝယ်လက်တွေ ပြန်ဝယ် နေတာကြောင့် ဈေးပြန်တက်လာတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေမှာ ဆင်တောင်နနွင်းပြီး ရင် ဟိုပုံးနနွင်းက အရည်အသွေးကောင်းတာကြောင့် အခြားနနွင်းတွေထက် ဈေးကောင်းရပါတယ်။ ဝယ်လက်တွေကလည်း ပစ္စည်းပေါ်မူတည်ပြီး ကြိုက်ရင်ကြိုက်သလို ဝယ်ယူနေကြပါတယ်။ ဝယ်လက်တွေကတော့ လက်ငင်းရှင်းရင် တစ်ပိဿာ ၁၇၅ဝ ကျပ်-၁၇၇ဝ ကျပ်ဈေးပေးပြီး ခေတ္တဆိုင်းငံ့ရင် ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                  အောင်ပန်းဈေးကွက်မှာတော့ နနွင်းတက်အရောင်းအဝယ်က ငြိမ်နေဆဲပဲလို့ သိရပါတယ်။ ဈေးပတ်သမား တွေလောက်သာ ဝယ်ယူနေတာကြောင့် ပစ္စည်းလက်ကျန်တွေ ရှိနေပါသေးတယ်။ နနွင်းတက်ပေါက်ဈေး တွေကတော့ ဆင်တောင်နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပင်းတယနနွင်းက ၁ဝဝဝ ကျပ်ပတ်ချာလည်လောက်သာ ရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာ နနွင်းခြောက် (ဟိုပုံး) တစ်ပိဿာ ၁၅၅ဝ ကျပ်-၁၆ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်