Main menu

Background

ဘဏ္ဍာရေးပေါ်လစီကို ချင့ ်ချိန်စွာ ကိုင်တွယ်ခြင်း

Tue, 07/05/2011 - 11:43 -- Anonymous (not verified)

ဘဏ္ဍာရေးပေါ်လစီကို ချင့ ်ချိန်စွာ ကိုင်တွယ်ခြင်း                                                            ဘဏ္ဍာရေးအီကွစ်လိုက်ဇာ                      မေခရိုစီးပွားရေး ပေါ်လစီတစ်ခုဖြစ်သည့် ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) သည် စီးပွားရေး အဆောက်အအုံတစ်ခု၏ စီးပွားရေး နိုးထနိုင်စွမ်းအတွက် လွန်စွာအရေးပါသည်။ ထို့အပြင် ငွေကြေးဖောင်းပွမှုကိုလည်း ထိန်းကျောင်းပေး နိုင်သည်။ ပေါ်လစီတွင် အစိုးရအသုံးစရိတ်ပိုင်းနှင့် အစိုးရ ရငွေပိုင်းဟူ၍ နှစ်မျိုးရှိသည်။ အစိုးရ ရငွေ ပိုင်းတွင် အခွန်သည် အဓိကဇာစ်မြစ်ဖြစ်ပြီး အသုံး စရိတ်ပိုင်းတွင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည် ဖြင့် အစိုးရတာဝန်ယူထားသော နယ်ပယ်အားလုံး အတွက် ဖြည့်ဆည်းမှု ကုန်ကျစရိတ်အားလုံး အကံျုးဝင်သည်။ အစိုးရတစ်ရပ်သည် ဘဏ္ဍာရေး ပေါ်လစီကိုကိုင်တွယ်အသုံးပြုရာတွင် ၎င်း၏ ရငွေ နှင့် အသုံးစရိတ်တို့ကို အတိုးအလျော့ညှိ၍ ဘတ် ဂျက်ကို ချိန်ဆကြသည်။                                                                        ချင့်ချိန်မှုစွမ်းရည်                        ဘဏ္ဍာရေးပေါ်လစီတွင် နှစ်မျိုးရှိသည်။ လေးလံထုံထိုင်းနေသော စီးပွားရေး အဆောက်အအုံကို သွက်လက်လျင်မြန်စေရန် ပံ့ပိုးပေးရ သည့် ပေါ်လစီတွင် အစိုးရအသုံးစရိတ်များ တိုးခဲျ့ သုံးစွဲရခြင်း၊ အစိုးရငွေတွင် အဓိကဖြစ်သည့် အခွန် အကောက်များကို လျှော့ချရခြင်းတို့ ပါဝင်သည်။ ဤသို့ ကိုင်တွယ်လုပ်ဆောင်ခြင်းကို အခဲျ့ဘဏ္ဍာ ရေး ပေါ်လစီ (Expansionary Fiscal Policy)  ကို သုံးခြင်းဟုဆိုသည်။ အလွန်အမင်း အရှိန်ပြင်းစွာ ဖွံ့ထွားလာသော စီးပွားရေးကို အရှိန်မလွန် စေရန် ထိန်းကျောင်းရာတွင် အစိုးရအသုံးစရိတ်များ လျှော့ချရခြင်း၊ အခွန်ကောက်များ တိုးမြှင့် ရခြင်း ဆောင်ရွက်ကြရသည်။ ဤအခြေအနေကိုမူ အကံျု့ဘဏ္ဍာရေးပေါ်လစီ (ContractionaryFiscal Policy)  ဟု ခေါ်သည်။ စီးပွားရေး အဆောက်အအုံတစ်ခုလုံး၏ အခြေအနေကိုကြည့် ကာ ထိန်းညှိရခြင်းဖြစ်၍ ဘဏ္ဍာရေးပေါ်လစီကိုကိုင်တွယ်ရာတွင် မက်ခရိုစီးပွားရေး အချက် အလက်များကို ဘက်စုံထောင့်စုံလေ့လာနိုင်မှသာ ပိုမိုထိရောက်နိုင်ပေသည်။ ဘဏ္ဍာရေးပေါ်လစီ၏ အဓိကရည်ရွယ် ချက်မှာ စီးပွားရေးအဆောက်အအုံအတွင်း စီးပွား ရေးဖွံ့ဖြိုးမှု ဟန်ချက်ညီပြီး ကုန်ထုတ်လုပ်မှု တိုး တက်ရန်ဖြစ်သည်။ သို့သော် ဤပေါ်လစီကို အသုံးပြုတိုင်း မျှော်မှန်းချက်ကို အပြည့်အဝ ရရှိနိုင်မည် မဟုတ်ပေ။ စီးပွားရေး အဆောက်အအုံအတွင်းရှိအခြေအနေ အရပ်ရပ်သည် ပေါ်လစီကိုင်တွယ် အသုံးပြုသူတို့၏ ချင့်ချိန်နိုင်စွမ်းကို စိန်ခေါ်လျက် ရှိသည်။                                                           ပိုမိုထိရောက်သောအဖွင့်ဝါဒ                       တံခါးပိတ်ဝါဒ ကျင့်သုံးသော စီးပွားရေး အဆောက်အအုံတစ်ခုတွင် အခွန်အကောက်ကို နှိမ့်၍ အစိုးရအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲပါက ကနဦး၌ စုစုပေါင်း ဝယ်လိုအား မြင့်မားလာပြီး ထုတ်လုပ်မှု တိုးတက်လာသည်။ သို့သော် ကာလရှည်တွင်ဘတ်ဂျက်လိုငွေနှင့်အစိုးရချေးငွေ ပမာဏ မြင့် တက်လာနိုင်ပြီး ထိုမှတစ်ဆင့် အတိုးနှုန်းများ ပါ မြင့်တက်လာကာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နံှမှုများ ထိခိုက်လာနိုင်သည်။ ရေရှည်တွင် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းကို ပြန်လည်ကြုံတွေ့ရနိုင်သည်။ နိုင်ငံ တကာနှင့်အဆက်အစပ်ရှိသော တံခါးဖွင့်ဝါဒ ကျင့်သုံးသည့် စီးပွားရေး အဆောက်အအုံများ တွင်မူ အတိုးနှုန်းမြင့်တက်လာမှုသည် နိုင်ငံတွင်းသို့ ပြင်ပအရင်းအနှီးစီးဝင်လာမှု မြင့်မားလာစေနိုင်ပြီး အတိုးနှုန်း မြင့်မားမှုကိုလည်း ပြန်လည်ထိန်းကျောင်းပေးနိုင်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နံှမှုများ အပေါ်ထိခိုက်မှုများလည်း လျော့နည်းလာနိုင်ပြီး ထုတ်လုပ်မှုကျဆင်းခြင်း အန္တရာယ်ကိုပါ လျော့ နည်းသွားစေသည်။ ထို့ကြောင့် ဘဏ္ဍာရေး ပေါ်လစီအသုံးပြုမှုကြောင့်ဖြစ်ပေါ်လာသောအကျိုး သက်ရောက်မှုများတွင် စီးပွားရေး အဆောက် အအုံ၏ နိုင်ငံတကာနှင့် ဆက်စပ်မှုအခြေအနေ ပေါ်မူတည်၍ ကွာခြားမှုရှိသည်။ တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးသော နိုင်ငံထက် နိုင်ငံ တကာသို့ စီးပွားရေးတံခါးဖွင့်ထားသောနိုင်ငံများ တွင် ပိုမိုထိ ရောက်မှုရှိသည်ကို တွေ့ရှိရသည်။