ဇွန်လအတွင်း ထိုင်းဆန်ဈေးမြင့်လာ၍ ပြည်ပမှအဝယ်အော်ဒါအချို့ရပ်ဆိုင်းထား
ဇွန်လအတွင်း ထိုင်းဆန်ဈေးမြင့်လာ၍ ပြည်ပမှအဝယ်အော်ဒါအချို့ရပ်ဆိုင်းထား ဇွန်လဆန်းက တစ်တန်ကို ကန်ဒေါ်လာ ၅ဝဝ သာရှိခဲ့တဲ့ ထိုင်းဆန်ဖြူ ၁ဝဝ ရာခိုင်နှုန်းက လလယ်ပိုင်းမှာ တစ်တန်ကို ၅၃၅ ဒေါ်လာအထိ ရောက်ရှိသွားခဲ့တယ်။ ဒီလိုဈေးမြင့်လာခြင်းကြောင့် ပြည်ပမှ ဆန်တင်သွင်းသူ တွေက ထိုင်းဆန် အဝယ်အော်ဒါမှာယူမှု ရပ်ဆိုင်းလိုက်ရာ ဇွန်လကုန်ပိုင်းမှာ ထိုင်းဆန်ပြည်ပတင်ပို့တဲ့ ဈေးနှုန်းတွေ ရုတ်တရက်ကျဆင်းသွားတယ်။ ဒါပေမဲ့ပြည်တွင်းစပါးရိတ်သိမ်းချိန် မဟုတ်လို့ ပြည်တွင်းဆန်စပါးဈေးနှုန်း ကျဆင်းသွားမှုမရှိကြောင်း သိရပါ တယ်။ ပြည်ပမှ ထိုင်းဆန်အဝယ်အော်ဒါ ရပ်ဆိုင်းလိုက်သော်လည်း ဇူလိုင်လအတွင်း ဆန်တင်ပို့မှုကျဆင်း မှာမဟုတ်ကြောင်း ၊ နိုင်ငံအချို့မှ အဝယ်အော်ဒါရပ်ဆိုင်းလိုက်သော်လည်း ဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့လို နိုင်ငံများစွာမှ ထိုင်းဆန်ကို အဝယ် ရှိနေတယ် ၊ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၂၇ ရက်နေ့အထိ ကာလအတွင်း ထိုင်းဆန်တန်ချိန် ၆ ဒသမ ၂ သန်း တင်ပို့ပြီးစီးခဲ့တယ် ၊ ယခုနှစ်အတွင်း ဆန်တန်ချိန် ၁ဝ သန်းအထိ တင်ပို့နိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်းဆန် တင်ပို့သူများ အသင်းဥက္ကဌက ပြောကြားပါတယ်။ ပပ၊ Source:The Nation
