အိန္ဒိယမတ်ပဲဈေးခိုင်မာရာမှ မိုးရွာသွန်းလို့ ဈေးပြန်လျော့လာ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းမှာ ဈေး အနည်းငယ်ပြန်မာတဲ့ သဘောရှိခဲ့ရာမှ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးပြန်လည် ရွာသွန်းလာတဲ့အတွက် မတ်ပဲဈေးလည်း ပြန်လည်လျော့ကျ လာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံ ပင်နီစူလာနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးပုံမှန်အောက်သာ ရွာသွန်းခဲ့တာကြောင့် ပဲစိုက်ပျိုးမှုနှေးကွေးတဲ့အတွက် သီတင်းပတ်အစပိုင်းမှာ ဈေးမာလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်းမှာ မိုးရွာသွန်းခဲ့တဲ့အတွက် မိုးပဲအတွက် အလား အလာပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ ပဲအသစ်ဝင် လာလို့ အချိန်လိုအပ်နေသေးတာကြောင့် ဝယ်လိုအားတက်မယ်ဆိုရင် ဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၇-၇-၁၁ ၆-၇-၁၁ ၅-၇-၁၁ ၄-၇-၁၁မွန်ဘိုင်း ၈၅၈-၈၆၇ ၈၇၉-၈၈၄ ၈၇၁-၈၉၉ ၉၁၃-၉၁၉ဒေလီ ၉ဝဝ-၉၁၇ ၉ဝ၁-၉၁၈ ၈၉၉-၉၁၆ ၉၁၃-၉၃ဝချန်နိုင်း ၈၃၃-၉၅၇ ၈၅၁-၉၆၃ ၈၇၁-၉၈၃ ၈၇၄-၉၈၆MIRT(MAPT)
Background