ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၃ဝဝဝ ကျော်တင် ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အတွင်းမှာလည်း တန် ၃ဝဝဝ ကျော်သာရှိတာတွေ့ရပါတယ်။ အခြားမတ်ပဲ၊ ပဲစင်းငုံတို့ တင်ပို့မှု တက်လာပေမဲ့ ပဲတီစိမ်းကတော့ ပုံမှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ဇွန်လ တစ်လလုံး တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၁၁ဝဝဝ ကျော်ရှိပြီး၊ မေလမှာ တန်ချိန် ၂ဝဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်းမှာ တန်ချိန် ၁၁ဝဝဝ ခန့်ရှိလို့ ယခုနှစ် ဇွန်လတင်ပို့မှု ပမာဏခန့်သာ ရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၉၆ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၆၄ဝဝဝ ကျော်ရှိလို့ ယခုနှစ်မှာ တန် ၃ဝဝဝဝ ကျော် ပိုမိုတင်ပို့တာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာလည်း ပုံမှန်အတိုင်း တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
Background