တစ်ပတ်အတွင်း ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ အတင်ရှိ ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုအနေနဲ့ ယခုတစ်ပတ် (ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်းမှာ တန် ၃ဝဝဝ ကျော်ထိ တင်ပို့မှု တက်လာခဲ့ပါတယ်။ ပြည်ပအဝယ်သွက်နေတဲ့ ပဲဖြစ်လို့ တင်ပို့မှု တက်လာခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ တစ်လလုံးတင်ပို့မှုမှာ တန်ချိန် ၇၃ဝဝ ကျော်ရှိပြီး မေလအတွင်း တန်ချိန် ၁၆ဝဝဝ ခန့်တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် ဇွန်လအတွင်း တင်ပို့မှု မရှိသလောက်နည်းတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၂၈၅ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅ဝဝ ခန့်သာရှိလို့ ယခုနှစ်ဝက်အတွင်း ယခင်တစ်နှစ်လုံးတင်ပို့မှုထက်တန်ချိန် ၂ဝဝဝဝကျော် ပိုမို တင်ပို့ပြီးဖြစ်တာတွေ့ရပါတယ်။ ပြည်တွင်းမှာ လက်ကျန်နည်းလာပြီဖြစ်လို့လာမယ့် သီတင်းပတ်များမှာတော့ တင်ပို့မှုလျော့ကျ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
Background