Main menu

Background

အိန္ဒိယကုလားပဲဈေး လက်ရှိဈေးဝန်းကျင်မှာ ခိုင်မာနေ

Tue, 07/12/2011 - 06:12 -- Anonymous (not verified)

အိန္ဒိယကုလားပဲဈေး လက်ရှိဈေးဝန်းကျင်မှာ ခိုင်မာနေ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ရောင်းလိုအားအကန့်အသတ်သာရှိပြီး ဝယ်လိုအားရှိနေတာကြောင့် ကုလားပဲဈေးက လက်ရှိဈေးဝန်းကျင်မှာ ခိုင်မာနေပါတယ်။ လှောင်လက်များက ပမာဏများများ သိုလှောင်ထားကြပြီး မိုးပဲစိုက်ပျိုးမှုက နောက်ကျနေတာကြောင့် ကာလတိုအတွင်း ဈေးမကျနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင်အေဂျင်စီများဖြစ်တဲ့ STC နဲ့ PEC တို့က ဇူလိုင်- သြဂုတ်လအတွင်း တင်သွင်းဖို့ တင်ဒါခေါ်ယူထားတာကြောင့် လှောင်လက်များလက်ရှိ ဈေးအမြင့်မှာ ရောင်းထုတ်ကြမယ်ဆိုရင် ဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                     ဒေါ်လာ/ တန်                    ၇-၇-၁၁        ၆-၇-၁၁        ၅-၇-၁၁            ၄-၇-၁၁မွန်ဘိုင်း          ၅၅၂-၅၆၃    ၅၅၂-၅၅၈         ၅၅၁               ၅၃၈ဒေလီ             ၆၁၉-၆၂၅     ၆၂ဝ-၆၂၅     ၆၁၈-၆၂၄        ၆၁၆-၆၂၂ကန်ပါ                ၆၅၃            ၆၅၈           ၆၆၁                ၆၅၆MIRT(MAPT)