Main menu

Background

ထောပတ်ပဲနဲ့ မြေထောက်ပဲ ပုံမှန်ပမာဏအတိုင်း တင်ပို့နေ

Tue, 07/12/2011 - 06:16 -- Anonymous (not verified)

ထောပတ်ပဲနဲ့ မြေထောက်ပဲ ပုံမှန်ပမာဏအတိုင်း တင်ပို့နေ               ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှုကတော့ ပုံမှန် ပမာဏအတိုင်း တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခုသီတင်းပတ် (ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်)အတွင်း ထောပတ်ပဲတန်ချိန် ၈၆ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၄ဝဝ ခန့်တင်ပို့ခဲ့ပါတယ်။ ယခုနှစ် ဇွန်လ တစ်လလုံးအတွင်း တင်ပို့မှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၂၆ဝဝ ကျော်၊ မြေထောက်ပဲတန်ချိန် ၁၅ဝဝ ခန့် ရှိပြီး မေလ အတွင်းမှာ ထောပတ်ပဲ တန်ချိန် ၄ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲတန်ချိန် ၁၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။                  ၂ဝ၁ဝ ခုနှစ် ဇွန်လအတွင်းမှာ ထောပတ်ပဲ တန်ချိန် ၁၈ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၈ဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှု အနေနဲ့ ထောပတ်ပဲ တန် ၉ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲ တန် ၄ဝဝဝ ကျော်ရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု ထောပတ်ပဲတန်ချိန် ၇ဝဝဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၃ဝဝဝ ခန့်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။             MIRT- MAPT