ရှမ်းနနွင်းဈေးကွက် ပစ္စည်းကောင်းအဝယ်လိုက် ဒီတစ်ပတ် ရှမ်းနနွင်းက ဈေးငြိမ်နေပါတယ်။ ဟိုပုံးနနွင်းတွေကိုတော့ ရန်ကုန်ဝယ်လက်နဲ့ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေကြပေမဲ့ ကြိုက်ရောင်း၊ ကြိုက်ဝယ်သာ ဝယ်ယူနေကြတာကြောင့် လက်ကျန်ကလည်း အတော်များများ ကျန်နေပါ သေးတယ်။ လှောင်လက်တွေကတော့ ဈေးအမြင့်နဲ့ ဝယ်ရတာကြောင့် ဝယ်ရင်းဈေးလောက် ရရင်လည်း ထုတ်ရောင်းကြမှာ ဖြစ်ပါတယ်။ ဝယ်လက်တွေကတော့ အကောင်းစတွေကိုသာရွေးပြီး ဝယ်ယူနေကြပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၁၈ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်းနနွင်းကို အဆင့်ခွဲခြားပြီး ဝယ်ယူနေတာကြောင့် အညံ့စတွေက တစ်ပိဿာ ၉ဝဝ ကျပ်သာရှိပြီး၊ လတ်စကတော့ တစ်ပိဿာ ၁ဝဝဝ ကျပ်၊ အဲဒီထက်ပိုကောင်းရင် ၁၅ဝဝ ကျပ်ဈေးရှိပြီး၊ ထိပ်စတွေကတော့ ၁၈၅ဝ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
Background