Main menu

Background

ထုတ်လုပ်မှု ခန့်မှန်းချက်ကြောင့် အိန္ဒိယနနွင်းဈေးကျဆင်းဖွယ်ရှိ

Tue, 07/12/2011 - 06:46 -- Anonymous (not verified)

ထုတ်လုပ်မှု ခန့်မှန်းချက်ကြောင့် အိန္ဒိယနနွင်းဈေးကျဆင်းဖွယ်ရှိ                  အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်းစိုက်ပျိုးရာဒေသများမှာ မိုးရွာသွန်းလာတာကြောင့် ဝယ်လိုအား နည်းပြီး နနွင်းဈေး အကျဘက် ဆင်းလာခဲ့တယ်လို့ သိရပါတယ်။ ဝယ်လိုအားနည်းခြင်း၊ ထုတ်လုပ်မှုနဲ့ လက်ကျန်ပမာဏမြင့်တက်တဲ့ သတင်းများ အရ ဈေးနှုန်းဆက်လက်ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။                    အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစတင်စိုက်ပျိုးနေပြီး တိုးတက်မှုမှာ ကျေနပ်ဖွယ်ရှိကြောင်း သိရပါတယ်။ မိုးရွာသွန်းမှု တိုးတက်နေခြင်းက နနွင်းစိုက်ပျိုးမှုအတွက် အလားအလာကောင်းစေပါတယ်။ ဒါပေမဲ့ ဈေးနှုန်း အကျဘက် ဆက်သွားနေမယ် ဆိုရင် ငွေပိုရတဲ့ ဝါဂွမ်းနဲ့ ပဲပုပ်တို့ကို ပြောင်းလဲစိုက်ပျိုးလာနိုင်တဲ့အတွက် စိုက်ဧရိယာ တိုးတက်မှု ဟာ ဈေးနှုန်း အပြောင်းအလဲ ပေါ်မှာ မူတည်နေပါတယ်။                   နနွင်းစိုက်ပျိုးကာလဟာ ဇွန်လ- သြဂုတ်လအတွင်းဖြစ်ပြီး ဇန်နဝါရီလမှာ တဖန်ရိတ်သိမ်းတော့မှာ ဖြစ်ပါ တယ်။ ပြည်ပတင်ပို့မှု နည်းပါးနေဆဲဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်နိုင်ငံတို့က အဝယ်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ပဝယ်လိုအား တက်လာရင်တော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline