Main menu

Background

သိုလှောင်ထား တဲ့ပမာဏ များတဲ့အပြင် ဝယ်လိုအားပါကျဆင်းခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေး ရင်းဂစ် ၃ဝဝဝ အောက် လျော့ကျလာနိုင်

Tue, 07/12/2011 - 07:59 -- Anonymous (not verified)

 သိုလှောင်ထား တဲ့ပမာဏ များတဲ့အပြင် ဝယ်လိုအားပါကျဆင်းခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေး ရင်းဂစ် ၃ဝဝဝ အောက် လျော့ကျလာနိုင်             မလေးရှားနိုင်ငံမှာ စားအုန်းဆီသိုလှောင်မှု ပမာဏမြင့်တက်ခြင်းနဲ့ ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် နောက် ၂ ပတ်ကျော်မှာ စားအုန်းဆီကြမ်းဈေး တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) အောက် လျော့ကျနိုင်တယ်လို့ ကုန်သည်များနဲ့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ၂ဝ၁ဝ အောက်တိုဘာလ ၂၁ ရက်နေ့က တစ်တန် ရင်းဂစ် ၂၉၉ဝ (ကန်ဒေါ်လာ ၉၉၃) နဲ့ ရင်းဂစ် ၃ဝဝဝ အောက်ကို နောက်ဆုံးကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။           စားအုန်းဆီကြမ်းလက်ကျန်နဲ့ ထုတ်လုပ်မှုဟာ ဖေဖော်ဝါရီလနောက်ပိုင်း မြင့်တက်လာခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ မလေးရှား စားအုန်း ဆီအဖွဲ့ (MPOB ) ရဲ့ လစဉ်စာရင်းများအရ မေလလက်ကျန်ဟာ ယခင်လထက် ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ၁၆ လအတွင်း အမြင့်ဆုံး ပမာဏ ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။               Interband Group of Companies မှ စားအုန်းဆီကုန်သည် Jim Teh က ခန့်မှန်းရာမှာလည်း ဝယ်လိုအားကျဆင်းတာကြောင့် နောက်နှစ်ပတ်အတွင်း တစ်တန်ကိုစားအုန်းဆီကြမ်းဈေး ရူပီး ၂၈ဝဝ (ကန်ဒေါ်လာ ၉၃ဝ) ဝန်းကျင်ကို ကျဆင်း နိုင်တယ်လို့ဆိုပါတယ်။ ဝယ်လက်များဟာလက်ရှိစားအုန်းဆီကြမ်းဈေးက သိုလှောင် ထားဖို့အတွက် ဈေးမြင့်မားနေတယ်လို့ စဉ်းစားကြတဲ့အတွက် လိုအပ်သလောက် သာ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။                  လွန်ခဲ့တဲ့ ၃ လအတွင်း ရာသီဥတုကောင်းမွန်တာကြောင့် ဆီအုန်းသီးများပြီး အထွက်နှုန်းမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အကယ်လို့ တစ်တန် ရူပီး ၂၈ဝဝ (ကန်ဒေါ်လာ ၉၃ဝ) ဈေးရောက်ရှိခဲ့ရင်လည်း စားအုန်းဆီကြမ်းထုတ်လုပ်မှုစရိတ် တစ်တန် ရင်းဂစ် ၁၂ဝဝ-၁၅ဝဝ (ကန်ဒေါ်လာ ၃၉၉-၄၉၈) ဝန်းကျင်နဲ့ ယှဉ်ရင် အကိုျးအမြတ် ကောင်းကောင်းရနေပါသေးတယ်လို့ ဆိုပါတယ်။                    IJM Plantations Bhd အမှုဆောင်အရာရှိချုပ် Joseph Tek Choon Yee ကခန့်မှန်းပြောကြားရာမှာတော့ ၂ဝ၁၁ ခုနှစ်အတွက် စားအုန်းဆီကြမ်း ပျမ်းမျှ ဈေးနှုန်းဟာ ယခင်နှစ်ပေါက်ဈေးရင်းဂစ် ၂၇၄၅ (ကန်ဒေါ်လာ ၉၁၂) ထက်မြင့် တက်ပြီး ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) ဝန်းကျင်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိပဲပုပ်ဆီနဲ့ စားအုန်းဆီဈေး ၂ ခုအကြား ကွာဟမှု တစ်တန် ကန်ဒေါ်လာ ၂၃၇ ရှိနေခြင်းက အိန္ဒိယနိုင်ငံလို ပဲပုပ်ဆီ ဝယ်လက်များအတွက် စားအုန်းဆီကို ပိုစိတ်ဝင်စားဖို့ ဖြစ်လာနိုင်တာမို့ အဲဒီအခြေအနေက လက်ရှိဈေးကို အထောက်အပံ့ ဖြစ်စေမယ်လို့ ခန့်မှန်းပြောကြားပါတယ်။ ယုဇန၊ ှSource: malaysia star