Main menu

Background

ဘရာဇီးပဲပုပ် တင်ပို့မှု ကျဆင်းနိုင်

Tue, 07/12/2011 - 08:07 -- Anonymous (not verified)

ဘရာဇီးပဲပုပ် တင်ပို့မှု ကျဆင်းနိုင်                အမေရိကန်ပြီးရင် ကမ္ဘာမှာ ပဲပုပ် ဒုတိယအများဆုံးထုတ်လုပ်တဲ့ ဘရာဇီး ရဲ့ ပဲပုပ်ထုတ်လုပ်မှုနဲ့ ပြည်ပတင်ပို့မှု ဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃ဝ ရာခိုင်နှုန်း နီးပါးရှိပါတယ်။ လူတစ်ဦးအသားစား နှုန်းနဲ့ ဇီဝလောင်စာထုတ်လုပ်မှု မြင့် တက်လာတာကြောင့် လွန်ခဲ့တဲ့ ၁ဝ စုနှစ်ကျော်အတွင်း ပဲပုပ်ထုတ်ကုန်ပြည်တွင်းစားသုံးမှုဟာ ခိုင်မာအား ကောင်းလာခဲ့ပါတယ်။ ၂ဝ၁ဝ အတွင်း ဇီဝလောင်စာထုတ်လုပ်မှုရဲ့ ၄ ပုံ ၃ ပုံကို ပဲပုပ်ဆီမှ ထုတ်လုပ်ကြောင်း သိရပါတယ်။                  ဇီဝလောင်စာ ထုတ်လုပ်မှု တိုး တက်နေခြင်းနဲ့အတူ ပဲပုပ်ဖတ်နဲ့ ပဲပုပ် ဆီဝယ်လိုအားကလည်း ၂ဝ၂ဝ ခုနှစ် လောက်မှာ စံချိန်တင်မြင့်တက်နိုင်တယ် လို့ဆိုပါတယ်။ ဒါပေမဲ့ ပဲပုပ် ထုတ်လုပ် မှုကတော့ လိုအပ်ချက် ကြီး ွားမှုနှုန်းနဲ့ အညီ ထုတ်လုပ်ဖို့ ရုန်းကန်ရလိမ့်မယ် လို့ဆိုပါတယ်။ ကာလလတ်အတွင်းမှာ ဘရာဇီးပဲပုပ်အထွက် တိုးတက်မှု နှေး ကွေးသွားနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း မှုတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ကြီးမြင့်မှုတွေကြောင့် ပဲပုပ်စိုက်ပျိုးဖို့ ဧရိယာထပ်မံ တိုးခဲျ့လို့ရနိုင်ဖွယ်မရှိဘူး လို့ သိရပါတယ်။ ယမင်းခင်၊ Source: Barclays