တက်ဈေး၊ ကျဈေးနဲ့ စစ်ကိုင်း ပဲတီစိမ်းကြီး မုံရွာကုန်စည်ဒိုင်ရဲ့ ၂ဝ၁၁ ခုနှစ် ဇွန်လကုန်မှာ ပဲတီစိမ်းကြီးတစ်ပိဿာ ၁၁ဝ၅ ကျပ်မှ ဇူလိုင် ၁ ရက်နေ့မှာ ၈၉၅ ကျပ်သို့ ဈေးကျခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှာ ၁ဝ၇၉ ကျပ်သို့ ဈေးတက်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းသီးနံှရဲ့ ဈေးအတက်အကျမှာ တရုတ်ငွေဈေးနှုန်းနဲ့ မူဆယ်သို့ သယ်ယူခဈေးနှုန်းများ အတက်အကျပေါ်မူတည်ကြောင်း၊ ကုန်သည်တစ်ဦးက ပြောပါ တယ်။ တရုတ်ဝယ်လက်ဆွဲအားရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီးတစ်ရက်ကို ပျမ်းမျှတင်း ၉ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ ဇူလိုင် ၄ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးသို့ ပဲတီစိမ်းကြီးတင်း ၁၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်းသိရှိရပါတယ်။ သန်းသန်းတင်
Background