ဇူလိုင်လ ပထမပတ် အပို့မရှိ ဇူလိုင်လ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်းမရှိတာ တွေ့ရပါ တယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တာကြောင့် တင်ပို့မှု လျော့နည်းတာဖြစ်ကြောင်း သိရပါတယ်။ ပင်လယ် ရေကြောင်း တင်ပို့မှုမရှိပေမယ့် နယ်စပ်ကုန်သွယ်ရေးကနေ တန် ၂၃ဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ RSS-3 တစ်တန်ကို ၄၄ဝဝ ဒေါ်လာ၊RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာ၊ MSR-20 တစ်တန်ကို ၄၄ဝဝ ဒေါ်လာ အသီးသီးဈေးပေါက်လျက်ရှိပါတယ်။ KZW
Background