Main menu

Background

ယခုအပတ် ရေထွက်ကုန် တင်ပို့မှုပိုမိုတဲ့ မူဆယ်

Tue, 07/12/2011 - 09:17 -- Anonymous (not verified)

ယခုအပတ် ရေထွက်ကုန် တင်ပို့မှုပိုမိုတဲ့ မူဆယ်                   မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန် ငါးရှဉ့်နဲ့ ကဏန်းကို လေလံစနစ်နဲ့ တင်ပို့တာဖြစ်ပါတယ်။ ကြမ်းခင်းဈေး သတ်မှတ်တာကို ဈေးပြည့်မှီအောင် ပေးပြီး တရုတ် ဝယ်လက်မရှိလျှင် ရေထွက်ကုန် ကုန်စည်ဒိုင်က ကဏန်း၊ ငါးရှဉ့် ကုန်သည်များ မရှုံးရလေအောင် ကြမ်းခင်းဈေးနဲ့ပဲ ဝယ်ယူထားပေးရပါတယ်။ ယခုအပတ်မှာလည်း ရေ ထွက်ကုန် ဝယ်လက်ဆွဲအားမကောင်းတာကြောင့် ကြမ်းခင်း ဈေးကိုပင် မပေးကြတဲ့အတွက် ကုန်စည်ဒိုင်က သိမ်းယူထား လိုက်ရတယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ကဏန်းဈေး ကျပ် ၁၂၇ သန်းမှ ကျပ် ၁ ဒသမ ၁၂၉ သန်းထိ လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၁၅ဝ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၆၄ ဒသမ ၃၂၆ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ကန်ဒေါ်လာ ဝ ဒသမ ၉၂၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၂၈၃ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၃၃၃ သန်းတန်ဖိုးရှိ ကဏန်းအရွယ်စုံ ၁၃၈ တန် ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၉၆ တန်နဲ့ ကဏန်း ၃၇ တန် ပိုမိုဝင်ရောက်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                           မိမိဘက်(ကျပ်/တန်)                            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု            ယခင်        ပြောင်းလဲမှု   %         ယခု     ယခင်     ပြောင်းလဲမှု     %ငါးရှဉ့်                  ၂၄၁၃၁ဝဝ     ၂၅၂ဝ၃ဝဝ      ၁ဝ၇၂ဝဝ     ၄         ၂၉၅ဝ     ၃ဝ၄ဝ         ၉ဝ           ၃ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက်    ၁၈၈၁၄ဝဝ     ၃ဝဝ၈၁ဝဝ     ၁၁၂၆၇ဝဝ   ၆ဝ       ၂၃၁ဝ     ၃၇ဝဝ        ၁၃၉ဝ        ၆ဝ၂ဝဝ-၂၅ဝ ဂရမ်      ၁၇၁၇၈ဝဝ     ၂၈၄၅၅ဝဝ     ၁၁၂၇၇ဝဝ   ၆၆        ၂၁ဝဝ    ၃၅ဝဝ        ၁၄ဝဝ         ၆၇၁၅ဝ-၂ဝဝ ဂရမ်      ၁၅၅၄၂ဝဝ     ၂၆၈၂၉ဝဝ     ၁၁၂၈၇ဝဝ   ၇၃        ၁၉ဝဝ     ၃၃ဝဝ       ၁၄ဝဝ         ၇၄၁ဝဝ-၁၅ဝ ဂရမ်     ၁၄၃၁၅ဝဝ     ၂၅၆ဝ၉၅ဝ      ၁၁၂၉၄၅ဝ    ၇၉       ၁၇၅ဝ     ၃၁၅ဝ       ၁၄ဝဝ         ၈ဝMIRT (DOBT)