Main menu

Background

မန္တလေးသီရိမာလာဈေးသို့ မွေးမြူရေးငါးတစ်ရက်ကို ပိဿာချိန် ၅ဝဝဝ ဝန်းကျင် နေ့စဉ်ဝင်ရောက်

Tue, 07/12/2011 - 09:33 -- Anonymous (not verified)

မန္တလေးသီရိမာလာဈေးသို့ မွေးမြူရေးငါးတစ်ရက်ကို ပိဿာချိန် ၅ဝဝဝ ဝန်းကျင် နေ့စဉ်ဝင်ရောက်                  မန္တလေးမြို့၊ သီရိမာလာဈေး ငါးဒိုင်များသို့ မန္တလေးမြို့ (ကန်တော်ကြီးငါးကန်)နှင့် မတ္တရာငါးကန်များမှ မွေးမြူရေး ငါးပိဿာချိန် ၅ဝဝဝ ဝန်းကျင်နေ့စဉ်ဝင်ရောက်ကြောင်း သိရ ပါတယ်။                   မွေးမြူရေးငါးအမျိုးအစားများမှာ ငါးကြင်း၊ ငါးတန်၊ တီလားဗီးယားငါးများအဝင်များပြီး အစာစရိတ်လျော့၍ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ ဝေယံထွန်းမွေးမြူရေးငါးဒိုင်မှ ' ဒီတစ်ပတ်မှာ ငါးကြင်း အဝင်များနေတယ်။ တစ်နေ့ကို အချိန် ၂ဝဝဝ လောက်ဝင် ရောက်မှုရှိတယ်။ ငါးဈေးကျနေတော့ အရောင်းအဝယ် ကောင်းတယ်။ ဒီတစ်ပတ်အတွင်းမှာ ငါးဈေးနှုန်းက တစ်ပိဿာကို ၄ဝဝ ကျပ်လောက်ကျလာတယ်။ မန္တလေး  မွေးငါးထဲမှာ တီလားဗီးယားကို မြို့ပေါ်က အကင်ဆိုင်တွေက အဝယ်များတယ်။ မန္တလေးဈေးကွက်သာမက ရှမ်းပြည် မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါ၊ ရှမ်းပြည် နယ်တောင်ပိုင်းတောင်ကြီး၊ ဖယ်ခုံမြို့နယ်တစ်ဝိုက်ကို ငါးကြင်း၊ ငါးတန်ပို့ရတယ်'' လို့ ပြောပါတယ်။                   ဇူလိုင် ၅ ရက်နေ့က ငါးကြင်းတစ်ပိဿာ ၂ဝဝဝ ကျပ်- ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်၊ ငါးတန် တစ်ပိဿာ ၁၈ဝဝ ကျပ်- ၁၉ဝဝ ကျပ်၊ တီလားဗီးယားတစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေးရှိ၍ ငါးအမိုျးအစားပေါ် မူတည်ပြီး ဈေးကွာခြားကြောင်း သိရပါတယ်။ ဇူးဇူး